လွှတ်တော်များ

ဇွန် 14, 2016

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် လွှတ်တော်စနစ်ကျင့်သုံးသော နိုင်ငံဖြစ်သည်။

 

ပြည်ထောင်စုလွှတ်တော်သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်ပေါင်းကာ ဖွဲ့စည်းပေါ်ပေါက်လာသည့် နိုင်ငံတော်အဆင့် ဥပဒေပြုလွှတ်တော်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားလှယ် ၂၂၄ဦးပါဝင်သော အမျိုးသားလွှတ်တော်နှင့် ကိုယ်စားလှယ်ဦးရေ ၄၄၀ ပါဝင်သော ပြည်သူ့လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံတော်သမ္မကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်သည်။

ဥပဒေအရ လက်ရှိအသုံးပြုနေသော ရွေးကောက်ပွဲစနစ်မှာ မဲအများဆုံးအနိုင်ရရှိသူအနိုင်ရသည့် (First-Past-the-Post) စနစ်ဖြစ်ပြီး အောက်ပါလွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရန်အသုံးပြုသည် –

 

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၂၄ နေရာရှိသည့်အနက် ၁၆၈ နေရာကို ရွေးကောက်တင်မြှောက်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုလျှင် ၁၂နေရာစီဖြင့် ၁၄ခု အတွက် ကိုယ်စားလှယ် ၁၆၈နေရာ ရွေးချယ်ခြင်းဖြစ်သည်။ ကျန်ကိုယ်စားလှယ် ၅၆ဦး (၂၅%)မှာ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရွေးချယ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။

————

ပြည်သူ့လွှတ်တော်

ပြည့်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၄၄၀ နေရာရှိသည့်အနက် ၃၃၀ နေရာကို ရွေးကောက်တင်မြှောက်သည်။ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် တစ်ဦးကျစီဖြင့် မြို့နယ် ၃၃၀ အတွက်ကိုယ်စားလှယ် ၃၃၀နေရာ ရွေးချယ်ခြင်းဖြစ်သည်။ ကျန်ကိုယ်စားလှယ် ၁၁၀ ဦး (၂၅%)မှာ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။

————

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်

တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ်လွှတ်တော် (၇)ခုတွင် တစ်မြို့နယ်လျှင် ၂ဦးကျစီဖြင့် ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ် ၆၄၄ဦးနှင့် အခြေခံဥပဒေအရ နိုင်ငံတော်ရှိလူဦးရေစုစုပေါင်း၏ ၀.၁ % နှင့်အထက်ရှိသော တိုင်းရင်းသားလူမျိုးအသီးသီးအတွက် ရွေးချယ်သောတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၉ ဦးရှိသည်။  ထိုတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၃ပုံ ၁ပုံကို အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

 


 

ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံသည္ လႊတ္ေတာ္စနစ္က်င့္သုံးေသာ နိုင္ငံျဖစ္သည္။

ျပည္ေထာင္စုလႊတ္ေတာ္သည္ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒအရ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းကာ ဖြဲ႕စည္းေပၚေပါက္လာသည့္ နိုင္ငံေတာ္အဆင့္ ဥပေဒျပဳလႊတ္ေတာ္ျဖစ္သည္။ ျပည္ေထာင္စုလႊတ္ေတာ္ကို ကိုယ္စားလွယ္ ၂၂၄ဦးပါဝင္ေသာ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ကိုယ္စားလွယ္ဦးေရ ၄၄၀ ပါဝင္ေသာ ျပည္သူ႔လႊတ္ေတာ္ႏွစ္ရပ္ျဖင့္ ဖြဲ႕စည္းထားသည္။ နိုင္ငံေတာ္သမၼကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေရြးခ်ယ္တင္ေျမႇာက္သည္။

ဥပေဒအရ လက္ရွိအသုံးျပဳေနေသာ ေရြးေကာက္ပြဲစနစ္မွာ မဲအမ်ားဆုံးအနိုင္ရရွိသူအနိုင္ရသည့္ (First-Past-the-Post) စနစ္ျဖစ္ၿပီး ေအာက္ပါလႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ေရြးခ်ယ္ရန္အသုံးျပဳသည္ –

 

အမ်ိဳးသားလႊတ္ေတာ္

အမ်ိဳးသားလႊတ္ေတာ္တြင္ ကိုယ္စားလွယ္ေနရာ ၂၂၄ ေနရာရွိသည့္အနက္ ၁၆၈ ေနရာကို ေရြးေကာက္တင္ေျမႇာက္သည္။ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ တစ္ခုလၽွင္ ၁၂ေနရာစီျဖင့္ ၁၄ခု အတြက္ ကိုယ္စားလွယ္ ၁၆၈ေနရာ ေရြးခ်ယ္ျခင္းျဖစ္သည္။ က်န္ကိုယ္စားလွယ္ ၅၆ဦး (၂၅%)မွာ အေျခခံဥပေဒအရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေရြးခ်ယ္ေသာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည္။

————

ျပည္သူ႔လႊတ္ေတာ္

ျပည့္သူ႔လႊတ္ေတာ္တြင္ ကိုယ္စားလွယ္ေနရာ ၄၄၀ ေနရာရွိသည့္အနက္ ၃၃၀ ေနရာကို ေရြးေကာက္တင္ေျမႇာက္သည္။ တစ္ၿမိဳ႕နယ္လၽွင္ ကိုယ္စားလွယ္ တစ္ဦးက်စီျဖင့္ ၿမိဳ႕နယ္ ၃၃၀ အတြက္ကိုယ္စားလွယ္ ၃၃၀ေနရာ ေရြးခ်ယ္ျခင္းျဖစ္သည္။ က်န္ကိုယ္စားလွယ္ ၁၁၀ ဦး (၂၅%)မွာ အေျခခံဥပေဒအရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရြးခ်ယ္ေသာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည္။

————

တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္

တိုင္းေဒသႀကီး (၇)ခုႏွင့္ ျပည္နယ္လႊတ္ေတာ္ (၇)ခုတြင္ တစ္ၿမိဳ႕နယ္လၽွင္ ၂ဦးက်စီျဖင့္ ေရြးေကာက္တင္ေျမႇာက္ေသာ ကိုယ္စားလွယ္ ၆၄၄ဦးႏွင့္ အေျခခံဥပေဒအရ နိုင္ငံေတာ္ရွိလူဦးေရစုစုေပါင္း၏ ၀.၁ % ႏွင့္အထက္ရွိေသာ တိုင္းရင္းသားလူမ်ိဳးအသီးသီးအတြက္ ေရြးခ်ယ္ေသာတိုင္းရင္းသားလူမ်ိဳးကိုယ္စားလွယ္ ၂၉ ဦးရွိသည္။ ထိုတိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ေတာ္အသီးသီးတြင္ လႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္း၏ ၃ပုံ ၁ပုံကို အေျခခံဥပေဒအရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရြးခ်ယ္ေသာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ပါဝင္ဖြဲ႕စည္းထားသည္။