ပူးပေါင်းပါ၀င်ခြင်း

ဇွန် 14, 2016

ပူးပေါင်းပါဝင်ခြင်း

 


 


 


 

ပွင့်လင်းလွှတ်တော်ဝက်ဘက်ဆိုက်ပေါ်မှာ ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အချက်အလက်တွေမှားယွင်းနေရင် ဒီပုံစံ ကို ဖြည့်ပြီးပြင်ဆင်ပေးနိုင်ပါတယ်။

 


 

ကျေးဇူးတင်ပါတယ်။

 


 

ပူးပေါင်းပါဝင်ခြင်း

 

ယခုလွှင့်တင်ထားတဲ့ “ပွင့်လင်းလွှတ်တော်”ဝက်ဘ်ဆိုက်နဲ့ ထည့်သွင်းထားတဲ့အချက်အလက်တွေ၊ ဝက်ဘက်ဆိုက်မှာပါဝင်တဲ့ အသုံးပြုနိုင်မှုတွေဟာ တကယ်တော့ အစပျိုးအဆင့်ပဲရှိပါသေးတယ်။ ဆက်လက်ပြီးတော့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များရဲ့အချက်အလက်များကို ထည့်သွင်းပြီး သူတို့ကိုပြည်သူတွေ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့အထိ တိုးချဲ့ဆောင်ရွက်နိုင်ဖို့အထိ ပြင်ဆင်နေပါတယ်။

 

လောလောဆယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြသွားဖို့ပဲ ဖြစ်ပေမယ့် ပန်းတိုင်အနေနဲ့ကတော့ ဒီကိုယ်စားလှယ်တွေ လွှတ်တော်ထဲနဲ့လွှတ်တော်ပြင်ပမှာ နေ့စဉ်နှင့်အမျှ သူတို့လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေ၊ သတင်းတွေကိုပါ စဉ်ဆက်မပြတ်ပေါင်းထည့် ဖော်ပြသွားဖို့ပဲ ဖြစ်ပါတယ်။

 

ပွင့်လင်းလွှတ်တော်ရဲ့ လုပ်ငန်းတွေကို ပိုပြီး မြန်မြန်အကောင်အထည်ပေါ်စေချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ပါဝင်ပူးပေါင်းနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ သင့်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့အချက်အလက်တွေကို ရှိပါသလား? သို့မဟုတ် ဒီအချက်အလက်တွေကို စုစည်းပြုစုတဲ့ ဆောင်ရွက်ချက်ထဲမှာ ပါဝင်လိုပါသလား? contact@openhluttaw.org ကိုအီးမေးလ်ပို့ပြီး အသိပေးနိုင်ပါတယ်။

 

ပွင့်လင်းလွှတ်တော်ဝက်ဘက်ဆိုက်ပေါ်မှာ ရှိနေတဲ့လွှတ်တော်ကို်ယ်စားလှယ်တွေရဲ့အချက်အလက်တွေမှားယွင်းနေရင် ဒီပုံစံ ကို ဖြည့်ပြီးပြင်ဆင်ပေးနိုင်ပါတယ်။

 

ပူးပေါင်းပါဝင်နိုင်မယ့်အခြားနည်းလမ်းတွေကိုလဲ မကြာခင်မှာ ထပ်မံအသိပေးကြေညာသွားမှာဖြစ်ပါတယ်။

 

ကျေးဇူးတင်ပါတယ်။