မုံရွာချင်းတွင်း သင်္ကြန်ပွဲနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သတင်းစာ ရှင်းလင်း

မုံရွာမြို့ ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ခုနှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သည့်မုံရွာချင်းတွင်းသင်္ကြန်ပွဲနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းစာရှင်းလင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။   ဆက်လက်ဖတ်ရှုရန် >>>

မကွေးတိုင်းလစ်လပ်ဝန်ကြီးနှစ်နေရာအတွက် အမည်စာရင်းတင်သွင်းသူနှစ်ဦးအနက် တစ်ဦးကို ဝန်ကြီးချုပ်ဆန္ဒအရ လွှတ်တော်ဆိုင်းငံ့

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် သုံးလကြာလစ် လပ်နေသည့် ဝန်ကြီးနှစ်နေရာ အတွက် ပြန်လည်ခန့်ထားနိုင်ရန် တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားသူ နှစ်ဦးအနက် တစ်ဦးအား ခေတ္တ ဆိုင်းငံ့ထားသည်။ ဧပြီ ၅ ရက်၌ ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် လွှတ် တော်ဥက္ကဋ္ဌ ဦးတာက ဝန်ကြီးချုပ် ပေးပို့သည့်စာကိုဖတ်ကြားသည်။   ဆက်လက်ဖတ်ရှုရန် >>>

မန္တလေးတိုင်းလွှတ်တော်ရေးရာကော်မတီ ၁၃ ခု သက်တမ်းတိုးမည့် အစီအစဉ် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်၍ ဆိုင်းငံ့

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖွဲ့စည်းထား သည့် ရေးရာကော်မတီ ၁၃ ခု သက်တမ်းတိုးမြှင့်မည့်အစီအစဉ် ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်သဖြင့် ဆိုင်းငံ့ထားသည်။ ဧပြီ ၆ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးတွင် လွှတ် တော်ရေးရာကော်မတီ ၁၃ ခုကို သက်တမ်းတိုးမြှင့်ရန် လွှတ်တော် ၏သဘောထားရယူရာ၌ နွားထိုး ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ကန့်ကွက်ခဲ့သည်။   ဆက်လက်ဖတ်ရှုရန် >>>>  

မန္တလေးတိုင်းဒေသကြီးတွင် တရားဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲဆေးဝါးကုသလုပ်ငန်းလုပ်ကိုင်နေသူများအား စစ်ဆေးကြပ်မတ်အရေးယူရန် တိုက်တွန်းသည့်အဆို မန္တလေးတိုင်းလွှတ်တော်တွင် ရှုံးနိမ့်

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသလုပ်ငန်း လုပ်ကိုင်နေကြသူအား ထိထိရောက်ရောက်အရေးယူနိုင်ခြင်းမရှိသဖြင့် တစ်နေ့တစ်ခြား များပြားလာသော ဥပဒေမဲ့ဆေးကုသမှုများကို စစ်ဆေးကြပ်မတ် အရေးယူပေးရန် တိုက်တွန်းကြောင်း အဆိုကို ဧပြီ ၃ ရက်က တိုင်းလွှတ်တော် တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ အောင်မြေသာစံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်က ယင်းအဆိုကို ဧပြီ ၂ ရက်ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။   ဆက်လက်ဖတ်ရှုရန် >>>

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊နည်းဥပဒေများနှင့် အညီ လယ်ယာမြေလုပ်ကိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇) များကို မှန်ကုန်ပြည့်စုံစွာရရှိရန် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေးအဆို တိုင်းလွှတ်တော်အတည်ပြု

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊နည်းဥပဒေများနှင့် အညီ လယ်ယာမြေလုပ်ကိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇) များကို မှန်ကုန်ပြည့်စုံစွာရရှိရန် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေးအဆိုကို ဧပြီ ၂ ရက်ကကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေတွင်အတည်ပြုခဲ့သည်။ ယင်းအဆိုကို အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဆွေက မတ် ၂၃ ရက်က ကျင်းပသည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။   ဆက်လက်ဖတ်ရှုရန် >>>

တိုင်းလွှတ်တော်နဲ့ ကိုယ်စားလှယ်တွေ ဆက်ရှိဖို့ လိုသေးလားလို့ ဒေါ်စန္ဒာမင်း မေးခွန်းထုတ်

စည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုပြု မပြုပြု ရန်ကုန်စည်ပင်သာယာရေး လုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်သွားမယ်ဆိုပြီး စည်ပင်ကော်မတီအတွင်းရေးမှူးက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာဟာ တိုင်းလွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဂရုမစိုက်ရာရောက်တယ်လို့ ဒေါ်စန္ဒာမင်း က ဒီနေ့ ပြောပါတယ်။ — Read on www.rfa.org/burmese/news/sandarmin-03112018093148.html/

ဝန်ကြီးရူး ရူးနေသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့ တိုက်ခိုင်ခဲ့ခြင်းကြောင့် အမည်စာရင်း ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးအဖြစ်မှ အမည်စာရင်းရုပ်သိမ်းခံရသူ ဦးအောင်ကျော်မိုး ပြန်လည် တုံ့ပြန်

ဝန်ကြီးရူး ရူးနေသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့ တိုက်ခိုင်ခဲ့ခြင်းကြောင့် အမည်စာရင်း ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးအဖြစ်မှ အမည်စာရင်းရုပ်သိမ်းခံရသူ ဦးအောင်ကျော်မိုးက ပြောကြားသည်။ ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသည့် မကွေးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် မကွေးတိုင်းဝန်ကြီးချုပ်က ၎င်းတင်သွင်းခဲ့သည့် ဝန်ကြီးနှစ်ဦး အမည်စာရင်းကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်ကလည်း ကန့်ကွက်လွှာများကို ပြန်လည်ရုပ်သိမ်းမှုပြုလုပ်ခဲ့သည်။   ဆက်လက်ဖတ်ရှုရန် >>>>>

ရန်ကုန် စည်ပင် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့ပြစီမံကိန်းရေးဆွဲသူများ စိတ်ပျက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ – YCDC ကို မြို့တော်နေသူ ၅ သန်းကျော်၏ အခွန်များဖြင့် စီးပွားရေးလုပ်ကိုင်ရန် အဆိုပြုသော ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရှုတ်ချလိုက်သည်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်ကို မူကြမ်းရေးဆွဲခဲ့သည်။   ဆက်လက်ဖတ်ရှုရန် >>>>

မကွေးတိုင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဆည်မြောင်းဌာနနှင့် ပညာရေးဌာန အငြိမ်းစာနှစ်ဦးအားခန့်ထားရန် တိုင်းလွှတ်တော်သို့တင်သွင်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လစ်ဟပ်ဝန်ကြီးနှစ်ဦးနေရာအတွက် မကွေးမြို့တွင်နေထိုင်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဆည်မြောင်းဌာနနှင့် ပညာရေးဌာနအငြိမ်းစားနှစ်ဦးအားခန့်ထားရန် တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဆိုပြုမှုကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပသည့် ဒုတိယအကြိမ် တိုင်းဒေကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင်တင်သွင်းခဲ့ကြောင်း သိရသည်။   ဆက်လက်ဖတ်ရှုရန် >>>>>

စီမံကိန်းများကို လွှတ်တော်သို့ တင်ပြပြီးမှသာ ဆောင်ရွက်ရန်အဆို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းမည်

ရန်ကုန်တိုင်းအစိုးရက ဆောင်ရွက်မည့် စီမံကိန်းများနှင့် ပတ်သက်သည့် အချက်အလက် များကို လွှတ်တော်သို့တင်ပြခြင်း မရှိသဖြင့် ယင်းကဲ့သို့မဖြစ်စေရေး အဆိုတစ်ရပ်တင်သွင်းမည်ဖြစ် ကြောင်း တိုင်းလွှတ်တော်စီမံကိန်း နှင့် ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူးဦးကျော်ဇေယျက ပြော သည်။ လှည်းကူးမြို့နယ်ရှိ မြေဧက ၁,၄၀၀ ကျော်တွင် တည်ဆောက် ရန်စီစဉ်နေသည့် Eco Green City အိမ်ရာစီမံကိန်း၊ မှော်ဘီမြို့နယ်ရှိ အမျိုးသားညီလာခံကျင်း ပခဲ့သည့် အဆောက်အအုံနှင့် မြေဧရိယာတွင် တည်ဆောက်မည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအပါအ ၀င် အခြားစီမံကိန်းများကို လွှတ်တော်သို့အသိပေးခဲ့ခြင်း မရှိ ကြောင်း ၎င်းကဆို သည်။ ‘‘စီမံကိန်းတွေ လွှတ်တော် ကို အသိမပေးတဲ့ တိုင်းအစိုးရအ ဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ ဥပဒေ အရ လွဲနေတယ်ပေါ့။ လွဲနေတာ ကတော့ အများကြီးရှိပါတယ်။[…]