လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ဆက်လက်ဖော်ဆောင်မည်

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အတည်ပြုရန် ဆိုင်းငံ့ထားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဦးသိန်းထွန်းက ပြောကြားသည်။ အဆိုပါဥပဒေကြမ်းကို ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ သြဂုတ်လတွင် လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့မှုများအရ သဘောတူညီမှု မရရှိခဲ့ဘဲ ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း အတည်မပြုဘဲ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။   ဆက်လက်ဖတ်ရှုရန် >>>>>

သယံဇာတ တူးဖော်ငွေ အားလုံး နိုင်ငံဘတ်ဂျက်သို့ ပြန်လည် ထည့်သွင်းမည်

ယခင်က သဘာဝ သယံဇာတ တူးဖော်ခြင်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ အားလုံးကို တိုင်းပြည်ဘဏ္ဍာထဲသို့ တိုက်ရိုက်မထည့်သွင်းဘဲ Other Account များ ဖွင့်လှစ်၍ ထားရှိခဲ့သော ငွေပမာဏ ကျပ် ၁၀ ထရီလီယံကျော်မှာ ပြည်သူ့လွှတ်တော်၏ တိုက်တွန်းမှုဖြင့် နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ပြန်လည် ထည့်သွင်းရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။   ဆက်လက်ဖတ်ရှရန် >>>>

လူမှု ကွန်ရက်အသုံးပြုမှု ထိန်းကျောင်းရေး အဆို လွှတ်တော် အတည်ပြု

ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒါ်ယဉ်မင်းလှိုင် တင်သွင်းခဲ့တဲ့ အိုင်တီနည်းပညာ အလွဲအသုံးပြုမှုအတွက် အစိုးရက စာင့်ကြည့် ကြပ်မတ်ပေးဖို့ အဆိုကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေမှု ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိုင်တီ နည်းပညာသုံးစွဲမှုကို လိုအပ်သလို စာင့်ကြည့် ထိန်းကြောင်းဖို့ဆိုပြီး မူလက အဆိုတင်ထားခဲ့တာဖြစ်ပေမဲ့ ဒီကနေ့ လွှတ်တော်အတွင်း ဆွးနွေးမှုမှာတော့ အလွဲဆိုတဲ့ စကားလုံးကို ထပ်ဖြည့်ပြီး အတည်ပြုခဲ့တာပါ။     ဆက်လက်ဖတ်ရှုရန် >>>>>

မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာကျခံစေမည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

Saturday, October 28, 2017 အမျိုးသားလွှတ် တော်က အတည်ပြုပေးပို့သည့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးအ ကျိုးပြုလုပ်ငန်းများ ဆောင်ရွက် စေမည့် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ က အောက်တိုဘာ ၂၆ ရက်က အစီရင်ခံစာတင်သွင်းသည်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေး ပို့လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပြင် ဆင်သည့် ဥပဒေကြမ်းကို ဥပဒေ ကြမ်းကော်မတီအစီရင်ခံစာအ ပေါ် အခြေခံကာ ကိုယ်စားလှယ် များက ဆွေးနွေးမည်ဖြစ်သည်။ ‘‘အစီရင်ခံစာက ဥပဒေရဲ့ အပြီးမဟုတ်သေးပါဘူး။ ကိုယ် စားလှယ်တွေက ပြင်ဆင်ချက်အ ဆိုတွေ တင်သွင်းဆွေးနွေးပြီးမှ အတည်ပြုမှာပါ’’ဟု ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ပြောသည်။ ဆက်လက်ဖတ်ရှုရန် >>> 

လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ၏ ဆောင်ရွက်ချက်များ အားနည်းနေဟု လွှတ်တော်အမတ်များဝေဖန်

ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်မှုကော် မတီအနေဖြင့် ပညာရေးကဏ္႑ ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် အားနည်းမှုများစွာရှိပြီး ယင်းကော်မတီ၏ လုပ်ဆောင် ချက် အနည်းငယ်ကိုသာ တွေ့ရ ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ပြောကြားသည်။ ပညာရေးကဏ္႑သည် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံအုတ်မြစ်တစ်ခုဖြစ်၍ ပညာရေး မြှင့်တင်မှု ကော်မတီက ပညာရေး မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများ တွင် များစွာလုပ်ဆောင်ခဲ့လိမ့် မည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် လုပ်ဆောင်မှု အနည်းငယ်ကိုသာ တွေ့ရ ကြောင်း ကျေးသီးမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်က ပြောသည်။ ‘‘ဒီလိုကြီးမားတဲ့ ပညာရေး နယ်ပယ်အပေါ် ကော်မတီရဲ့ ပညာရေးမြှင့်တင်မှုအပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလိမ့် မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကော် မတီရဲ့ အဓိကလုပ်ဆောင်မှုကို ခြုံပြီးကြည့်တဲ့အခါမှာ[…]

အဆင့်မြင့်ရောဂါရှာဖွေရေးစက်များ၀ယ်ယူရန် ဘတ်ဂျက်တောင်းခံပါက ထောက်ခံပေးရန် ကျန်းမာရေး၀န်ကြီးက အမတ်များကို မေတ္တာရပ်ခံ

Friday, June 23, 2017 ​ရောဂါရှာဖွေရေး စက် MRI စက်များသည် လူနာ များအတွက် အရေးတကြီးလိုအပ် နေသည့် စက်များဖြစ်ပြီး ယင်း စက်များ ၀ယ်ယူရန် ၀န်ကြီးဌာန က လွှတ်တော်မှတစ်ဆင့် ဘတ် ဂျက်တောင်းခံပါက လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ထောက်ခံပေးရန် ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဒေါက်တာမြင့် ထွေးက မေတ္တာရပ်ခံခဲ့သည်။ MRI စက်သည် မြန်မာနိုင်ငံရှိ ဆေးရုံကြီးများတွင် ၁၂ ခုသာရှိပြီးအလွန်အရေးကြီးသော စက်များဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။ ‘‘ဒီစက်အကြီးတွေက အ ရမ်းအရေးကြီးပါတယ်။ ဒီစက် ပေါ်မူတည်ပြီး လူနာဟာ သေနိုင် တယ်၊ ရှင်နိုင်တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း မေတ္တာရပ်ခံချင်ပါတယ်။ စက်၀ယ်ဖို့ ဘတ်ဂျက်တောင်းရင် မကန့်ကွက်ဘဲနဲ့ ထောက်ခံပေးဖို့’’[…]

ပြည်သူများအတွက် ကျန်းမာရေး အာမခံစနစ် ထားရှိရန် ဆွေးနွေးတော့မည်

ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီ ရရှိနိုင်ရေးအတွက် အမျိုးသား ကျန်းမာရေး အာမခံစနစ်တခု တည်ထောင်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် >>>

အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သောအရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ မှတ်တမ်းတင်

အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မေ ၃၀ ရက်တွင် ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်သည်။ ၎င်းအဆိုကို ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြီးခဲ့သည့် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးကာလအတွင်း တင်သွင်းခဲ့ပြီး အဆိုအပေါ် မေ ၃၀ ရက်က ကျင်းပသည့် အစည်းအဝေး၌ ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေး အကြံပြုခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>>>>>>>

ပြည်တွင်းထုတ်ဓာတ်မြေသြဇာများကို သင့်တင့်စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန်အဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

ပြည်တွင်း၌ ထုတ်လုပ်နေသော ယူရီးယားဓာတ်မြေ သြဇာများကို စနစ်တကျထုပ်ပိုး၍ တောင်သူများထံ သင့်တင်မျှတသော စျေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ရန် မေလ ၂၉ ရက်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>>>>>>>

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့တို့တွင် Green Land စီမံကိန်းများ အမြန်ဆုံး စနစ်တကျ အကောင်အထည် ဖော်ဆောင်ပါရန်နှင့် အခြားဒေသများ၌လည်း နှစ်အလိုက် စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

တောတောင်ထူထပ်သော ဒေသများ၌ သစ်တောပြုန်းတီးမှုများကြောင့် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံး ရာသီဥတုနှင့် ရင်ဆိုင်ခဲ့ကြရ၍ နိုင်ငံတကာ ရာသီဥတု ဘေးအန္တရာယ် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့်(၂)တွင်ရှိပြီး နိုင်ငံနှင့်အဝန်း သစ်တောစောင့်ရှောက်မှုနှုန်း တိုးမြှင့်ဆောင်ရွက်လျက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် Green Land စီမံကိန်းများ အမြန်ဆုံး စနစ်တကျ အကောင်အထည်ဖော်ဆောင်ပါရန်နှင့် အခြားဒေသများတွင်လည်း နှစ်အလိုက် စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို မေ ၁၉ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။ ယင်းအဆိုကို ပြင်ဦးလွင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စွမ်းဆောင်ရည်မှာ ကမ္ဘာ့နိုင်ငံများအလယ်တွင် အနိမ့်ကျဆုံး[…]