လူမှု ကွန်ရက်အသုံးပြုမှု ထိန်းကျောင်းရေး အဆို လွှတ်တော် အတည်ပြု

ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒါ်ယဉ်မင်းလှိုင် တင်သွင်းခဲ့တဲ့ အိုင်တီနည်းပညာ အလွဲအသုံးပြုမှုအတွက် အစိုးရက စာင့်ကြည့် ကြပ်မတ်ပေးဖို့ အဆိုကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေမှု ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိုင်တီ နည်းပညာသုံးစွဲမှုကို လိုအပ်သလို စာင့်ကြည့် ထိန်းကြောင်းဖို့ဆိုပြီး မူလက အဆိုတင်ထားခဲ့တာဖြစ်ပေမဲ့ ဒီကနေ့ လွှတ်တော်အတွင်း ဆွးနွေးမှုမှာတော့ အလွဲဆိုတဲ့ စကားလုံးကို ထပ်ဖြည့်ပြီး အတည်ပြုခဲ့တာပါ။     ဆက်လက်ဖတ်ရှုရန် >>>>>

မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာကျခံစေမည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

Saturday, October 28, 2017 အမျိုးသားလွှတ် တော်က အတည်ပြုပေးပို့သည့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးအ ကျိုးပြုလုပ်ငန်းများ ဆောင်ရွက် စေမည့် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ က အောက်တိုဘာ ၂၆ ရက်က အစီရင်ခံစာတင်သွင်းသည်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေး ပို့လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပြင် ဆင်သည့် ဥပဒေကြမ်းကို ဥပဒေ ကြမ်းကော်မတီအစီရင်ခံစာအ ပေါ် အခြေခံကာ ကိုယ်စားလှယ် များက ဆွေးနွေးမည်ဖြစ်သည်။ ‘‘အစီရင်ခံစာက ဥပဒေရဲ့ အပြီးမဟုတ်သေးပါဘူး။ ကိုယ် စားလှယ်တွေက ပြင်ဆင်ချက်အ ဆိုတွေ တင်သွင်းဆွေးနွေးပြီးမှ အတည်ပြုမှာပါ’’ဟု ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ပြောသည်။ ဆက်လက်ဖတ်ရှုရန် >>> 

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များက ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစားသုံးသပ်ရန် ဆွေးနွေး

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ်အား ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်တွင် အောက်တိုဘာ ၂၃ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်မည့် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တို့က ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း ဆွေးနွေးအကြံပြုခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြသည်။   ဆက်လက်ဖတ်ရှုရန် >>>>

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ်အား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၂၅၄၄ ဒသမ ရ၃၇ ဘီလျံ တောင်းခံ

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာ နှစ်အား ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ အစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ပြည် ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၁၇ ရက်က တင်ပြခဲ့သည်။ ထိုသို့ပြောင်းလဲပြင်ဆင် သတ်မှတ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ် တော်နာယကထံ စက်တင်ဘာ ၂၉ ရက် ရက် စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့သည်။   ဆက်လက်ဖတ်ရှုရန် >>>>

လွှတ်တော်တွင် လယ်/ဆယ် ဝန်ကြီးဌာန မေးခွန်းအများဆုံး မေးမြန်းခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ပြီးခဲ့သည့် လေးလအတွင်း ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မေးခွန်းအများဆုံး မေးမြန်းခံရကြောင်း လွှတ်တော်ရေးရာ စောင့်ကြည့်လေ့လာနေသည့် ပွင့်လင်းမြန်မာ ရှေ့ဆောင် (Open Mynamar Initiative-OMI) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။ မေလလယ်မှ သြဂုတ်လကုန်အထိ ကျင်းပခဲ့သည့် ပဥ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း အစည်းအဝေး ရက် ၅၈ ရက်ရှိခဲ့သည့်အနက် အဆိုပါဝန်ကြီးဌာနက ကြယ်ပွင့်ပြမေးခွန်းအကြိမ် တစ်ရာဝန်းကျင် လာရောက်ဖြေဆိုခဲ့ရခြင်း ဖြစ်သည်။ ဒုတိယအများဆုံး မေးခွန်း မေးမြန်းခံရသည့် ဝန်ကြီးဌာနမှာ ပညာရေးဝန်ကြီးဌာနဖြစ်ပြီး အကြိမ် ၈၀ ခန့်နှင့် တတိယ အများဆုံးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖြစ်ကာ အကြိမ် ရ၀ ခန့် ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မေးခွန်းမေးမြန်းခံရမှု အနည်းဆုံး[…]

ရွေးကောက်ပွဲဥပဒေသုံးရပ်ကို တစ်ခုတည်းအဖြစ် ပူးပေါင်းမည့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေသစ် ရေးဆွဲနေပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရန် ယခုနှစ်ဒီဇင်ဘာတွင် လွှတ်တော်သို့တင်ပြမည်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲဥပဒေ စသည်ဖြင့် သီးခြားရေးဆွဲထားသော ရွေးကောက်ပွဲဥပဒေ သုံးရပ်ကို တစ်ခုတည်းအဖြစ် ပူးပေါင်းထားသည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေသစ် ရေးဆွဲနေပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ယခုနှစ်ဒီဇင်ဘာတွင် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ ဆက်လက်ဖတ်ရှရန် >>>>

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဥ္စမပုံမှန် အစည်းအဝေးအထိ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး အဆိုခြောက်ခု အတည်ပြုခဲ့

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဥ္စမပုံမှန် အစည်းအဝေးအထိ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး အဆို ခြောက်ခု အတည်ပြုခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် အဆိုတစ်ခု တင်သွင်းခဲ့ပြီး ယင်းအဆိုအား မှတ်တမ်းတင်ခဲ့ကြောင်း၊ ဒုတိယပုံမှန် အစည်းအဝေးကာလတွင် အဆို သုံးခု တင်သွင်းခဲ့ကာ အဆိုတစ်ခု အတည်ပြု၊ အတည်မပြုသည့် အဆိုတစ်ခုနှင့် မှတ်တမ်းတင်သည့် အဆိုတစ်ခု ရှိခဲ့ကြောင်း၊ တတိယပုံမှန် အစည်းအဝေးတွင်မူ အဆိုတစ်ခု တင်သွင်းခဲ့ပြီး ယင်းအဆိုအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   ဆက်လက်ဖတ်ရှရန် >>>

အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းနိုင်မည့် အချက်သုံးချက် လွှတ်တော်တွင် တင်ပြ

အစည်းအဝေးအပြီး ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခုလ ၁ ရက်နေ့က တွေ့မြင်ရစဉ်။ ပြည့်သက်ဖြိုး/ မြန်မာတိုင်း(မ်) အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ပြဿနာကို ဖြေရှင်းနိုင်မည့် အချက်သုံးချက်ကို အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီက ဇူလိုင် ၂၇ ရက်ကကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းနိုင်မည့် အချက်တစ်ချက်အဖြစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေး အတည်ပြုနိုင်ပါက အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၊ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး အစီရင်ခံဖတ်ကြားရာတွင် ပြောသည်။ ” ကော်မတီအနေနဲ့ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ ILO ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ့ ပိုမိုရင်းနှီးစွာ ဆက်ဆံနိုင်ပါက[…]

လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ၏ ဆောင်ရွက်ချက်များ အားနည်းနေဟု လွှတ်တော်အမတ်များဝေဖန်

ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်မှုကော် မတီအနေဖြင့် ပညာရေးကဏ္႑ ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် အားနည်းမှုများစွာရှိပြီး ယင်းကော်မတီ၏ လုပ်ဆောင် ချက် အနည်းငယ်ကိုသာ တွေ့ရ ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ပြောကြားသည်။ ပညာရေးကဏ္႑သည် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံအုတ်မြစ်တစ်ခုဖြစ်၍ ပညာရေး မြှင့်တင်မှု ကော်မတီက ပညာရေး မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများ တွင် များစွာလုပ်ဆောင်ခဲ့လိမ့် မည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် လုပ်ဆောင်မှု အနည်းငယ်ကိုသာ တွေ့ရ ကြောင်း ကျေးသီးမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်က ပြောသည်။ ‘‘ဒီလိုကြီးမားတဲ့ ပညာရေး နယ်ပယ်အပေါ် ကော်မတီရဲ့ ပညာရေးမြှင့်တင်မှုအပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလိမ့် မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကော် မတီရဲ့ အဓိကလုပ်ဆောင်မှုကို ခြုံပြီးကြည့်တဲ့အခါမှာ[…]

ပြည်သူများအတွက် ကျန်းမာရေး အာမခံစနစ် ထားရှိရန် ဆွေးနွေးတော့မည်

ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီ ရရှိနိုင်ရေးအတွက် အမျိုးသား ကျန်းမာရေး အာမခံစနစ်တခု တည်ထောင်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် >>>