ပုဒ်မ ၆၆(ဃ) အပါအ၀င် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲများ ပြုလုပ်တော့မည်

Tuesday, July 11, 2017 ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေး လူထုလှုပ်ရှားမှုပြုလုပ်စဉ် (ဓာတ်ပုံ − စိုင်းဇော်) ​ဝေဖန်မှုများရှိနေ သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အပါအ၀င် ဆက်သွယ်ရေးဥပဒေကို အမျိုးသားလွှတ်တော်မှ စတင်ပြင်ဆင်မည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦး ဇော်မင်းက ပြောကြားသည်။ အဆိုပါဥပဒေကို ပြင်ဆင် ရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်အပြီး ရက်ပိုင်းအတွင်းတွင် ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ် ကြောင်း ဦးဇော်မင်းက 7DayDaily သတင်းစာသို့ ဇူလိုင် ၁၀ ရက်အမျိုးသားလွှတ်တော် အစည်းအေ၀းအပြီးတွင် ပြောသည်။ ‘‘အမျိုးသား လွှတ်တော်ကို ရောက်တာမှန်တယ်။ ဒီဥပဒေကို ဘယ်လိုဆက်လုပ်မလဲ၊ ဘယ်လို စည်းေ၀းမလဲဆိုတာ ဘာမှပြော လို့မရသေးဘူး။ ကျွန်တော်တို့ ပြင်နိုင်ဖို့ကို အမြန်ဆုံးလုပ်မှာပါ။ မီဒီယာတွေနဲ့[…]

အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သောအရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ မှတ်တမ်းတင်

အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မေ ၃၀ ရက်တွင် ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်သည်။ ၎င်းအဆိုကို ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြီးခဲ့သည့် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးကာလအတွင်း တင်သွင်းခဲ့ပြီး အဆိုအပေါ် မေ ၃၀ ရက်က ကျင်းပသည့် အစည်းအဝေး၌ ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေး အကြံပြုခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>>>>>>>

ဘတ်ဂျက်လျာထားချက်များ သေချာဖတ်ရှုရန် လွှတ်တော်ကိုယ်စားလှယ်များကို ဦးဝင်းမြင့်သတိပေး

ဘတ်ဂျက်မစတင်မီ အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြသည့် လျာထားချက်စာ အုပ်များကို သေချာဖတ်ရှုရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေလ ၁၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များအား သတိပေးခဲ့သည်။ အခွန်အကောက်၊ ဘတ် ဂျက်၊ စီမံကိန်း စသည့်ဥပဒေများကို မပြဋ္ဌာန်းမီ အစိုးရက လွှတ်တော်သို့ တင်ပြချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များက သေ ချာဖတ်ရှုသင့််ကြောင်းနှင့် မဖတ်ရှုဘဲ ဘတ်ဂျက်ပြဋ္ဌာန်းပြီးချိန်၌စီမံကိန်းများကို ပြောင်းလဲရန် လုပ်ဆောင်ခြင်းသည် မိုးလွန်မှ ထွန်ချခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သတိပေး ခြင်းဖြစ်သည်။ ‘‘တစ်နိုင်ငံလုံးရဲ့ အခွန်အ ကောက်၊ ဘတ်ဂျက်၊ စီမံကိန်း ဒီ အရေးကြီးတဲ့သုံးခုက လွှတ်တော်ထဲရောက်လာပြီဆိုရင် တစ်နိုင်ငံလုံးကို မကြည့်နိုင်ရင်တောင်မှ ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်မြို့နယ်မှာ ဖြစ်တဲ့၊ ကိုယ့်တိုင်းမှာဖြစ်တဲ့ ဘတ်ဂျက်ကိစ္စကိုတော့ ကြည့်ဖို့လိုတယ်။ ပြီးသွားပြီးမှ[…]

အကျဉ်းထောင် ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်းရန်ရှိ

ယခင် လွှတ်တော်သက်တမ်းအတွင်း ပြီးပြတ်အောင် ပြဋ္ဌာန်းခြင်းမရှိခဲ့သည် အကျဉ်းထောင် ဥပဒေကို ပြန်လည်ပြဋ္ဌာန်းနိုင်ရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတို့ ယမန်နေ့က နေပြည်တော် လွှတ်တော်ဝင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ လက်ရှိလွှတ်တော်၏ အနေအထားသည် နိုင်ငံရေးအကျဉ်းသားဟောင်း အများစုပါဝင်၍ တက်ရောက်ခွင့် ရနေသည့်အတွက် အကျဉ်းထောင်ဥပဒေကို ပြန်လည်တင်ပြနိုင်မည်ဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်းမှ အခြေအနေများကို ပြင်ဆင်ရန်အတွက် မဖြစ်မနေ ပြဋ္ဌာန်းရန်လိုအပ်သည်ဟုလည်း ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းကပြောသည်။ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက “ အခုလောလောဆယ်တော့ လွှတ်တော်ကိုယ်စားလှယ်က တင်ဖို့မရှိသေးဘူး တင်စားရှိခဲ့လို့ရင်တော့ သူ့ရဲ့ ဝန်ကြီးဌာနကတင်မယ်။ တင်ဖြစ်မယ်လို့တော့ ထင်ပါတယ် ၊ အသံတွေလည်းကြားနေတယ်” ဟုပြောသည်။ သတင်းအပြည့်အစုံဖတ်ရန်>>>>>>>>

တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းသည် ပြီးစလွယ်ရေးထားသည့် သဘောသက်ရောက်နေဟု လွှတ်တော်အမတ်တစ်ဦး ဝေဖန်

တရားခံလွှဲပြောင်း ရေးဥပဒေသည် ပြီးလွယ်စီးလွယ် ရေးသားထားသည့် သဘောသက်ရောက်နေသောကြောင့် ပြန်လည် ပြုပြင်ရေးဆွဲရန် လိုအပ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကပြောသည်။ မေလ ၂၂ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တရားခံလွှဲ ပြောင်းရေးဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုနိုင်ရေး ဥပဒေပါအကြောင်းအရာများကို ဆွေးနွေးရာ ဦးဌေးဦးက ဝေဖန်ပြောဆိုခဲ့သည်။ ‘‘ဒီဥပဒေဟာ တရားခံလွှဲ ပြောင်းရေး ဥပဒေဖြစ်တဲ့အတွက် တခြားနိုင်ငံကတောင်းဆိုလာရင် လွှဲပြောင်းပေးဖို့ ဖြစ်သလို ကျွန်တော်တို့နိုင်ငံလည်း တောင်းဆိုဖို့ လိုရင် တောင်းဆိုနိုင်တဲ့ ပြဋ္ဌာန်းချက်မျိုးဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့ အခုရေးဆွဲထားတဲ့ ဥပဒေမှာ သူများနိုင်ငံကတောင်းဆိုလာရင် ဘာလုပ်မလဲ ဆိုတာပဲပါ တယ်။ ကိုယ့်နိုင်ငံကတောင်းဆိုလာရင် ဘာလုပ်မယ်ဆိုတာ တလုံးမှ မပါတဲ့အတွက် ဒီဥပဒေဟာ တော်တော်လေး ပြီးလွယ်စီးလွယ် ရေးသားထားတဲ့ သဘောသက်ရောက်နေပါတယ်’’[…]

ပြည်သူတိုင်ကြားစာကော်မတီမှာ အများဆုံး အတိုင်ခံရတာ တရားရုံးတွေဖြစ်နေ

စတုထ္ထအကြိမ် လွှတ်တော်သက်တမ်းအတွင်း အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့တိုင်ကြား စာကော်မတီကို တရားရုံးတွေ နဲ့ပါတ်သက်ပြီး တိုင်ကြားတဲ့ စာတွေက တိုင်ကြားစာစုစုပေါင်းရဲ့ ငါးဆယ်ရာနှုန်း ရှိနေတယ်လို့ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ ဥက္ကဌ ဦးဆန်းမြင့်က ပြောပါတယ် ။ ဆက်လက်ဖတ်ရှုရန် >>>

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်းကိုးခု အတည်ပြုခဲ့ပြီးနောက် ဒုတိယအကြိမ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများပြီးဆုံး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ မတ် ၁၇ ရက်တွင် ပြီးဆုံးခဲ့သည်။ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို အစည်းအဝေးကာလ ၄၇ ရက်အတွင်း ၁၇ ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ ၂၀၁၇ ခုနှစ်၏ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေများကို အတည်ပြုနိုင်ခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ဥပဒေ ဘာသာပြန် ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ[…]

ဥပဒေပြုရေးနှင့် တရားရေး ထိပ်တိုက်တွေ့၊ မဲခွဲပြီး လွှတ်တော်အနိုင်ရ

တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည် တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှ မတ် ရ ရက်နေ့က လက်ခံဆွေးနွေးစဉ် နှစ်ဖက် အပြန်အလှန် ပြစ်တင်ပြောဆို သတိပေးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီအဆိုဟာ လွှတ်တော်ဆိုင်ရာဥပဒေနဲ့ မညီသလို အမတ်တွေရဲ့ ဆွေးနွေးချက်တွေဟာလည်း တရားရုံးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ အပြုသဘောမဆောင်ဘူး၊ တိကျတဲ့အချက်အလက်တွေမပါဘူးလို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က တုံ့ပြန်ခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးဝင်းမြင့်က သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။အဆိုပါအကြောင်းအရာကို ထောက်ခံသူ အမတ်၂၅ ဦးရဲ့ ဆွေးနွေးချက်တွေအပေါ် ဦးစိုးညွန့်ရဲ့ ချေပမှု မိနစ် ၂၀ ကျော်ကြာ အရောက်မှာတော့ နိဂုံးချုပ်ပြီး သဘောထားသာပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှစ်ကြိမ်တိုင်တိုင် သတိပေးပြောဆိုရတဲ့အထိ ဖြစ်ခဲ့တာပါ။ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က[…]

အန်အယ်ဒီအစိုးရလက်ထက် ဥပဒေပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေရှိတယ်လို ့ပြည်သူ့လွှတ်တော်ဥက္ကဌပြော

ရန်ကုန်၊ မတ်လ ၂ – အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်အစိုးရလက်ထက်မှာဥပဒေ နဲ ့ပတ်သက်ပြီးထင်သာမြင်သာတဲ့ပြောင်းလဲမှုတွေပြုလုပ်နိုင်ခဲ့တယ်လို ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်တိုင်းရဲ့ လစ်လပ်မဲဆန္ဒနယ်တွေအတွက် မဲဆွယ်ဟောပြောပွဲမှာပြောပါတယ်။” အရေးပေါ်စီမံမှုအက်ဥပဒေ ဆိုပါတော့ ပြီးခဲ့တဲ့ ၅နှစ်သက်တမ်းမှာ နည်းနည်းလေးမျှ ပြင်နိုင် ပြောင်းနိုင်ရှိခဲ့လို့လား အဲ့ဥပဒေက နိုင်ငံသားတွေကို ဖိနှိပ်ချုပ်ချယ်ပြီး နှစ်များစွာ ဒုက္ခပေးလာတာ အဲ့လိုဥပဒေမျိုးကို ကျွန်တော်တို့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ လုံးဝပယ်ဖျက်နိုင်ခဲ့ပြီ။ ဒါထင်သာမြင်သာ တဲ့ ပြောင်းလဲမှုပဲ ” လို့ မတ်လ ၂ရက်နေ့ကပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ပြောပါတယ်။အရေးပေါ်စီမံမှုအက်ဥပဒေ ကို ၁၉၅၀ ကတည်းက ပြဌာန်းခဲ့တာဖြစ်ပြီး ၁၉၈၈နောက်ပိုင်း အဆိုပါ ဥပဒေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူအများအပြားကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ဒါ့အပြင်အန်အယ်ဒီလက်ထက်မှာနိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေကိုလည်း ပယ်ဖျက်လိုက်ပြီလို[…]

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ထပ်မံ ရေးဆွဲထား

နေပြည်တော်(ဖေဖော်ဝါရီ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဆိုင်းငံ့ထားသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံရေးဆွဲထားကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောကြားလိုက်သည်။ “လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်မှ အတည်ပြု ပြဌာန်းပြီးပါက အဲ့ဒီ ဥပပေဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟု ဦးအောင်မြင့်က ပြောသည်။ ဆက်လက်ဖတ်ရှုရန် >>>http://www.mizzimaburmese.com/article/23239