New bill to seek more protection for women

A bill to prevent violence against women will be presented in the sixth Hluttaw, an official told The Myanmar Times. The bill was not yet finalised under the previous government and there were many revisions from the initial proposal. The legislation was finally submitted to the attorney-general’s office in the last week of July. The Ministry[…]

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဥ္စမပုံမှန် အစည်းအဝေးအထိ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး အဆိုခြောက်ခု အတည်ပြုခဲ့

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဥ္စမပုံမှန် အစည်းအဝေးအထိ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး အဆို ခြောက်ခု အတည်ပြုခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် အဆိုတစ်ခု တင်သွင်းခဲ့ပြီး ယင်းအဆိုအား မှတ်တမ်းတင်ခဲ့ကြောင်း၊ ဒုတိယပုံမှန် အစည်းအဝေးကာလတွင် အဆို သုံးခု တင်သွင်းခဲ့ကာ အဆိုတစ်ခု အတည်ပြု၊ အတည်မပြုသည့် အဆိုတစ်ခုနှင့် မှတ်တမ်းတင်သည့် အဆိုတစ်ခု ရှိခဲ့ကြောင်း၊ တတိယပုံမှန် အစည်းအဝေးတွင်မူ အဆိုတစ်ခု တင်သွင်းခဲ့ပြီး ယင်းအဆိုအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   ဆက်လက်ဖတ်ရှရန် >>>

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကြောင့် အချုပ်အခြာအာဏာထိပါးမှု ရှိ၊ မရှိ ထည့်သွင်းစဉ်းစားရန် လွှတ်တော်အမတ်တစ်ဦးထောက်ပြ

No.1484 Sunday, June 25, 2017  နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများနှင့် ဆောင်ရွက်သည့်  စီမံကိန်းများနှင့် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကြီးမားသည့် စီမံ ကိန်းများကို မဖြစ်မနေ စိစစ်ရန် လိုအပ်ပြီး ယင်းစီမံကိန်းများ ကြောင့် နိုင်ငံ၏အချုပ်အခြာအာ ဏာကို ထိပါးမှုရှိ၊ မရှိ ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့် လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းများသည် မြန်မာ-တရုတ် ပိုက်လိုင်း စီမံကိန်းအပါအဝင် ကျောက်ဖြူ၊ ထားဝယ်၊ သီလဝါ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ် ကမ်းများပါဝင်ပြီး ပတ်ဝန်းကျင် နှင့် လူမှုဘဝအပေါ် ထိခိုက်သည့် စီမံကိန်းများတွင် သယံဇာတတူး ဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း ၎င်းက ပြောသည်။ ‘‘နိုင်ငံခြား[…]

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ လွှတ်တော်စတင်တက်

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်ကိုယ်စားလှယ်များသည် နေပြည်တော်လွှတ်တော် အစည်းအဝေးများသို့ မေလ ၁၈ ရက်တွင် စတင်တက်ရောက်ခဲ့ သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုးဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်သုံးဦးတို့သည် သက်ဆိုင်ရာလွှတ်တော်တို့၌ ကျမ်းသစ္စာကျိန်ဆို၍ ကတိ ပြုခဲ့သည်။ ‘‘လာမယ့် လေးနှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်သွားရမယ့် ကဏ္ဍတွေရှိတယ်။ ကိုယ့်အမျိုးသားပြည်နယ်အလိုက်၊ ကိုယ့်နယ်ရဲ့အမျိုးသားအကျိုးစီးပွားပေါ့ဗျာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့ တွန်းတွန်းတိုက်တိုက်၊ ထောက်ထောက်ပြပြဝေဖန်ပြီး သူ့အကျိုး၊ ကိုယ့်အကျိုး၊ ပြည်ထောင်စုအကျိုး အဲဒါလေးတွေ ဆွေးနွေးရမယ့်ကာလဟာ လာမယ့်လေးနှစ်တာကာလလို့ သုံးသပ်ဖြစ်ပါတယ်’’ဟု ရွေးကောက်ခံအမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>

ပြည်သူတိုင်ကြားစာကော်မတီမှာ အများဆုံး အတိုင်ခံရတာ တရားရုံးတွေဖြစ်နေ

စတုထ္ထအကြိမ် လွှတ်တော်သက်တမ်းအတွင်း အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့တိုင်ကြား စာကော်မတီကို တရားရုံးတွေ နဲ့ပါတ်သက်ပြီး တိုင်ကြားတဲ့ စာတွေက တိုင်ကြားစာစုစုပေါင်းရဲ့ ငါးဆယ်ရာနှုန်း ရှိနေတယ်လို့ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ ဥက္ကဌ ဦးဆန်းမြင့်က ပြောပါတယ် ။ ဆက်လက်ဖတ်ရှုရန် >>>

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်းကိုးခု အတည်ပြုခဲ့ပြီးနောက် ဒုတိယအကြိမ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများပြီးဆုံး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ မတ် ၁၇ ရက်တွင် ပြီးဆုံးခဲ့သည်။ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို အစည်းအဝေးကာလ ၄၇ ရက်အတွင်း ၁၇ ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ ၂၀၁၇ ခုနှစ်၏ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေများကို အတည်ပြုနိုင်ခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ဥပဒေ ဘာသာပြန် ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ[…]

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေး လွှတ်တော်တင်ရန် ပါတီတွင်း တင်ပြမှုပယ်ချခံခဲ့ရကြောင်း ဒီချုပ်အမတ်ပြော

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် လွှတ်တော်၌ မေးခွန်းမေးနိုင်ရန်  တင်ပြမှုသည် ပါတီတွင်းစိစစ်ရေးအဖွဲ့တွင် ပယ်ချခံခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရဲထွဋ်က ပြောကြားသည်။အဆိုပါပုဒ်မကို ပြင်ဆင်ရန်အစီအစဉ်ရှိ၊မရှိ သိရှိနိုင်ရန် အမျိုးသားလွှတ်တော်တွင် မေးမြန်းသည့်မေးခွန်းကို ပါတီတွင်း စိစစ်ရေးအဖွဲ့သို့ လွန်ခဲ့သည့်နှစ်လခန့်က တင်ပြရာ၌ ပယ်ချခံရခြင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရဲထွဋ်က ပြောသည်။လွှတ်တော်တွင် မေးမြန်း မည့်မေးခွန်းကို ပယ်ချခဲ့သည့် အကြောင်းရင်းကို မေးမြန်းရာ လက်ရှိတွင် မေးမြန်းရန် မသင့်သေးကြောင်း တာဝန်ရှိသူတစ်ဦး က ထိုစဉ်ကပြောကြားခဲ့သည်ဟု ၎င်းကပြောသည်။ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်တို့မှ ဒီချုပ်အ မတ်များ၏ မေးခွန်းများ၊ အဆို များ စနစ်တကျရှိပြီး ထိရောက် စေရန် ဒီချုပ်သည်ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များတင်ပြ မေးမြန်းမည့်အဆိုများ၊ မေးခွန်းများကို စိစစ်နိုင်ရန် ပါတီဝင်[…]

"လွှတ်တော်အမတ်က အရပ်သားတစ်ဦးကို လက်သီးနှင့်ထိုး"

ကလေး၊ မတ် ၅စစ်ကိုင်းတိုင်း ကလေးဝမြို့တွင် ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းက ကားသွားရန် လမ်းရှင်းရာမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က အရပ်သားတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့ကြောင်း အထိုးခံခဲ့ရသည့် အသက် ၆၀ နှစ်ခန့်အရွယ် ဦးအော င်ကျော်စိုးက The Voice သို့ ပြောကြားသည်။ကလေးဝမြို့ ချင်းတွင်းမြစ်ကမ်းမှ တဖက်ကမ်းမြစ်ဆိပ်သို့ကူးရန် ဇက်ပေါ်သို့ ကားတင်ရန် ပြုလုပ်နေစဉ် အမျိုးသားလွှတ်ေ တာ် ကိုယ်စာလှယ် ဦးကိုကိုနိုင်၏ ကားသွားမည် ဆိုသဖြင့် ကားရွှေ့ပေးနေချိန်တွင် ဦးကိုကိုနိုင်က ၄င်း၏ကားပေါ်မှ ဆင်း လာ၍ ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။သတင်းအပြည့်အစုံ>>>>>>

ရန်ကုန်တွင် မြေစျေးကျအောင်လုပ်နေ၍ တဖြည်းဖြည်း ကျရန်သာရှိကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်တိုင်းအတွင်း မြေစျေးကျအောင် ဆောင်ရွက်နေခြင်းကြောင့် လုပ်ငန်းရှင်များက မြေတန်ဖိုးမြင့် တက်လာနိုင်ခြေရှိသည်ဆိုသော မျှော်လင့်ချက်များမထားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ၌ သတိပေးပြောကြားသည်။ ‘‘မြေယာစီမံခန့်ခွဲမှုကို အစိုး ရက စနစ်တကျလုပ်ဆောင်နေပါ တယ်။ မြေတန်ဖိုးတွေကျသွား အောင် တိုင်းအစိုးရ လုပ်ဆောင် နေတယ်။ လုပ်ငန်းရှင်တွေ မြေအ ပေါ်မှာ မျှော်လင့်ချက်တွေရှိနေမှာ စိုးလို့ပြောပြတာပါ။ မြေတန်ဖိုးက ရန်ကုန်မှာ တဖြည်းဖြည်းကျဆင်း လာဖို့ပဲရှိတယ်’’ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။ ဆက်လက်ဖတ်ရှုရန် >>>>

မိုက်ကာအဖွဲ့ကို ဖျက်သိမ်းရန် လွှတ်တော်တွင် အတည်ပြု

သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (MICA) ကို ဖျက်သိမ်းရန် ဖေဖော်ဝါရီ(၇)ရက်တွင် အမျိုးသားလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။ နိုင်ငံတော်၏ သားငါးကဏ္ဍတိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားသည်ဟုဆိုသော MICAသည် နိုင်ငံတော်နှင့် နိုင်ငံသားများကို အကျိုးပြုမှုမရှိဘဲ လူတစ်စုက လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သည့်အတွက်ကြောင့် အဆိုပါအဖွဲ့ကို ဖျက်သိမ်းပြီး တရားဝင်ခွင့်ပြုမိန့်မရှိဘဲ သိမ်းဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည်သို့စီမံထားကြောင်းနှင့် ရရှိခဲ့သည့်ငွေကြေးများကို မည်သို့စီမံခန့်ခွဲထားကြောင်းသိရှိရန် ကရင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်>>>>>