ပွင့်လင်းလွှတ်တော် App အကြောင်း

ဩဂုတ် 22, 2017

ပွင့်လင်းလွှတ်တော် မိုဘိုင်းဖုန်း အပ်ပလီကေးရှင်း 

မြန်မာပြည်သူပြည်သားများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား ပွင့်လင်းမြင်သာသည့် အပြန်အလှန်ဆက်သွယ်ဆက်ဆံမှုများ ဖြစ်ပေါ်အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ညီမျှခြင်းမြန်မာ အဖွဲ့ နှင့် မြန်မာ့ပဉ္စမမဏ္ဍိုင် အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

—–

ပွင့်လင်းလွှတ်တော်အကြောင်း

ရည်ရွယ်ချက်

  • ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှုရှိစွာ၊ စုစည်းမှုရှိစွာ၊ စည်းစနစ်ကျနစွာဖြင့် တိုက်ရိုက်ထိတွေ့ဆက်သွယ်နိုင်သည့်နေရာ ဖြစ်လာရေး
  • နိုင်ငံတော်နှင့် ပြည်သူများအကြား ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသော သတင်းအချက်အလက်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပေါင်းကူးနေရာ (open government information and engagement platform) တစ်ခုတည်ထောင်နိုင်ရေး

 

ပွင့်လင်းလွှတ်တော် အစီအစဉ် ဆောင်ရွက်ရသည့် အကြောင်းရင်း

  • ဒီမိုကရေစီ၏ အခြေခံအကျဆုံးအချက်များထဲမှတစ်ခုမှာ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အသံကိုနားထောင်ရေးနှင့်၊ ၎င်းတို့နှင့် မဲဆန္ဒရှင်ပြည်သူများအကြား ဆက်သွယ်ရေး၊ ဆက်ဆံရေးကို ပေါင်းကူးပေးရန်
  • နိုင်ငံတော်နှင့်ပြည်သူများအကြား သတင်းအချက်အလက်စီးဆင်းမှု အားကောင်းရေးအတွက် ပြည်သူများ ကျယ်ပြန့်စွာလက်လှမ်းမီ အသုံးပြုနိုင်လာသော မိုဘိုင်းဖုန်းများ၊ နည်းပညာများ အသုံးပြုပြီး တစ်ဘက်တစ်လမ်းမှ အားဖြည့်ကူညီပေးရန်

 

ပွင့်လင်းမြင်သာမှုပိုမိုအားကောင်းစေရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းတဲ့ အစီအစဉ်တစ်ခု

မြန်မာ့ပဉ္စမဏ္ဍိုင် နဲ့  ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့ တို့ကနေ စတင်မိတ်ဆက်ပေးလိုက်တဲ့ ပွင့်လင်းလွှတ်တော်ဟာ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ လူ့အဖွဲ့အစည်းအတွက် တက်ကြွလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေရဲ့ နိုးကြားနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ရပ်တည် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပွင့်လင်းလွှတ်တော်အတွက် နည်းပညာပိုင်းကို  Sundew Myanmar နဲ့ Sinar Project တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်ထားပါတယ်။ 

ယခုထည့်သွင်းထားတဲ့အချက်အလက်တွေ၊ ဝက်ဘက်ဆိုက်မှာပါဝင်တဲ့ အသုံးပြုနိုင်မှုတွေဟာ တကယ်တော့ အစပျိုးအဆင့်ပဲရှိပါသေးတယ်။ ဆက်လက်ပြီးတော့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များရဲ့အချက်အလက်များကို ထည့်သွင်းပြီး သူတို့ကိုပြည်သူတွေ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့အထိ တိုးချဲ့ဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များရဲ့အချက်အလက်များကို MCERP အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။

လောလောဆယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြသွားဖို့ပဲ ဖြစ်ပေမယ့် ပန်းတိုင်အနေနဲ့ကတော့ ဒီကိုယ်စားလှယ်တွေ လွှတ်တော်ထဲနဲ့လွှတ်တော်ပြင်ပမှာ နေ့စဉ်နှင့်အမျှ သူတို့လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေ၊ သတင်းတွေကိုပါ စဉ်ဆက်မပြတ်ပေါင်းထည့် ဖော်ပြသွားဖို့ပဲ ဖြစ်ပါတယ်။

အကယ်၍ ပွင့်လင်းလွှတ်တော်ရဲ့ လုပ်ငန်းတွေကို ပိုပြီး မြန်မြန်အကောင်အထည်ပေါ်စေချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ပါဝင်ပူးပေါင်းနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ သင့်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့အချက်အလက်တွေကို ရှိပါသလား? သို့မဟုတ် ဒီအချက်အလက်တွေကို စုစည်းပြုစုတဲ့ ဆောင်ရွက်ချက်ထဲမှာ ပါဝင်လိုပါသလား? contact@openhluttaw.org  ကိုအီးမေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

သင်တို့ထံမှ တုံ့ပြန်အကြံပြုချက်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။

—–

ပွင့်လင်းလွှတ်တော် မိုဘိုင်းဖုန်း အပ်ပလီကေးရှင်း ကို ဒီမှာ ရယူနိုင်ပါတယ်။

အန်းဒရွိုက် (Samsung, Huawei, Vivo, Oppo အစရှိသော) ဖုန်းများ အတွက် ->> https://goo.gl/jdrGkd

အန်းဒရွိုက် (Samsung, Huawei, Vivo, Oppo အစရှိသော) ဖုန်းများ အတွက် APK တိုက်ရိုက် ယူရန် ->> https://goo.gl/Q5qcVY

အိုင်ဖုန်း၊ အိုင်ပတ် (iPhone, iPad) များအတွက် ->> https://goo.gl/4bFV8C

 

—–

 

ပွင့်လင်းလွှတ်တော် မိုဘိုင်းဖုန်း အပ်ပလီကေးရှင်း ကို Embassy of the Kingdom of the Netherlands က ရံပုံငွေထောက်ပံ့ကူညီပေးသည်။