ပွင့်လင်းလွှတ်တော်အကြောင်း

ဇွန် 14, 2016

ပွင့်လင်းလွှတ်တော်အကြောင်း

 

ပွင့်လင်းလွှတ်တော်ဟာ ပြည်သူတွေနဲ့ သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြား အရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ သတင်းအချက်အလက်တွေ၊ အဆက်အသွယ်တွေကို အမြဲတစေရရှိနိုင်အောင် လွယ်ကူတဲ့နည်းလမ်းတွေနဲ့အတူ ဆက်စပ်ပေးဖို့ လူ့အဖွဲ့အစည်းဆီကို ရောက်လာတဲ့ ရှေ့ပြေးဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။

  • သင်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဘယ်သူလဲဆိုတာ ရှာဖွေလိုပါသလား?
  • သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုံစမ်းရှာဖွေလိုပါသလား?
  • ဒါမှမဟုတ် သင်စိတ်ဝင်စား အလေးထားနေတဲ့ ကော်မတီတစ်ခုမှာ ဘယ်သူတွေပါဝင်နေလဲဆိုတာကို စုံစမ်းလိုပါသလား?

ပွင့်လင်းလွှတ်တော်က ရာနဲ့ချီတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချပြထားတဲ့အတွက် သင်သိချင်တဲ့လွှတ်တော်အမတ်တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

……….

 

ပွင့်လင်းမြင်သာမှုပိုမိုအားကောင်းစေရေးအတွက် တစ်ဖက်တစ်လမ်းကကြိုးပမ်းတဲ့ အစီအစဉ်တစ်ခု

 

မြန်မာ့ပဉ္စမဏ္ဍိုင် နဲ့  ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့ တို့ကနေ စတင်မိတ်ဆက်ပေးလိုက်တဲ့ ပွင့်လင်းလွှတ်တော်ဟာ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ လူ့အဖွဲ့အစည်းအတွက် တက်ကြွလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေရဲ့ နိုးကြားနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ရပ်တည် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပွင့်လင်းလွှတ်တော်အတွက် နည်းပညာပိုင်းကို  Sundew Myanmar နဲ့ Sinar Project တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်ထားပါတယ်။ 

ပွင့်လင်းလွှတ်တော်ဟာ လက်ရှိမှာ လူမှုအဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဦးဆောင်ကော်မတီ တစ်ခုနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ပွင့်လင်းလွှတ်တော် ဦးဆောင်ကော်မတီထဲမှာပါဝင်ပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရန်အတွက် စိတ်ဝင်စားပါသလား? contact@openhluttaw.org ကို အီးမေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

 

……….

 

အစပျိုးဆောင်ရွက်ဆဲလုပ်ငန်း

 

ယခုလွှင့်တင်ထားတဲ့ “ပွင့်လင်းလွှတ်တော်”ဝက်ဘ်ဆိုက်နဲ့ ထည့်သွင်းထားတဲ့အချက်အလက်တွေ၊ ဝက်ဘက်ဆိုက်မှာပါဝင်တဲ့ အသုံးပြုနိုင်မှုတွေဟာ တကယ်တော့ အစပျိုးအဆင့်ပဲရှိပါသေးတယ်။ ဆက်လက်ပြီးတော့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များရဲ့အချက်အလက်များကို ထည့်သွင်းပြီး သူတို့ကိုပြည်သူတွေ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့အထိ တိုးချဲ့ဆောင်ရွက်နိုင်ဖို့အထိ ပြင်ဆင်နေပါတယ်။

 

လောလောဆယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြသွားဖို့ပဲ ဖြစ်ပေမယ့် ပန်းတိုင်အနေနဲ့ကတော့ ဒီကိုယ်စားလှယ်တွေ လွှတ်တော်ထဲနဲ့လွှတ်တော်ပြင်ပမှာ နေ့စဉ်နှင့်အမျှ သူတို့လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေ၊ သတင်းတွေကိုပါ စဉ်ဆက်မပြတ်ပေါင်းထည့် ဖော်ပြသွားဖို့ပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် သင့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဘယ်အကြောင်းအရာထဲမှာ အများဆုံးပါဝင်ပတ်သက်နေလဲ? အဲ့ဒီအကြောင်းအရာပေါ်မှာ သူတို့ရဲ့ အမြင်တွေက ဘယ်လိုလဲ? စတာတွေအပြင် အစိုးရကို တင်သွင်းထားတဲ့ မေးခွန်းတွေ အဆိုတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း အလွယ်တကူ ကြည့်ရှုနိုင်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ ပွင့်လင်းလွှတ်တော်ဟာ ဒီအရာတွေ ( ဒီထက်မက အများကြီး၊ အများကြီး)ကို အမှန်တကယ်ဖြစ်လာဖို့ ဦးတည်ဆောင်ရွက်နေပါတယ်။

 

သင်တွေးနေသလိုပါပဲ ဒါဟာ အချိန်နဲ့ လုပ်အားတွေများစွာ မြုပ်နှံမှုတွေပါဝင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လာမယ့်လတွေမှာ ဒီထက်ပိုမို ကောင်းမွန်တဲ့သတင်းတွေကို သင်တို့ထံ ဆောင်ယူလာဖို့အတွက် ပွင့်လင်းလွှတ်တော်က ကြိုးစားလုပ်ကိုင်နေတာကြောင့် ဆက်လက်နားစွင့်ထားကြပါဦး။

 

အကယ်၍ ပွင့်လင်းလွှတ်တော်ရဲ့ လုပ်ငန်းတွေကို ပိုပြီး မြန်မြန်အကောင်အထည်ပေါ်စေချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ပါဝင်ပူးပေါင်းနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ သင့်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့အချက်အလက်တွေကို ရှိပါသလား? သို့မဟုတ် ဒီအချက်အလက်တွေကို စုစည်းပြုစုတဲ့ ဆောင်ရွက်ချက်ထဲမှာ ပါဝင်လိုပါသလား? contact@openhluttaw.org  ကိုအီးမေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

 

သင်တို့ထံမှ တုံ့ပြန်အကြံပြုချက်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။


ပြင့္လင္းလႊတ္ေတာ္အေၾကာင္း

 

ပြင့္လင္းလႊတ္ေတာ္ဟာ ျပည္သူေတြနဲ႔ သူတို႔ရဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြၾကား အေရးပါတဲ့လုပ္ငန္းစဥ္တစ္ခုျဖစ္တဲ့ သတင္းအခ်က္အလက္ေတြ၊ အဆက္အသြယ္ေတြကို အျမဲတေစရရွိနိုင္ေအာင္ လြယ္ကူတဲ့နည္းလမ္းေတြနဲ႔အတူ ဆက္စပ္ေပးဖို႔ လူ႔အဖြဲ႕အစည္းဆီကို ေရာက္လာတဲ့ ေရွ႕ေျပးေဆာင္ရြက္ခ်က္တစ္ခုျဖစ္ပါတယ္။

  • သင္တို႔ရဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ဘယ္သူလဲဆိုတာ ရွာေဖြလိုပါသလား?
  • သူတို႔နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို စုံစမ္းရွာေဖြလိုပါသလား?
  • ဒါမွမဟုတ္ သင္စိတ္ဝင္စား အေလးထားေနတဲ့ ေကာ္မတီတစ္ခုမွာ ဘယ္သူေတြပါဝင္ေနလဲဆိုတာကို စုံစမ္းလိုပါသလား?

ပြင့္လင္းလႊတ္ေတာ္က ရာနဲ႔ခ်ီတဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ ကိုယ္ေရးအခ်က္အလက္ေတြကို ခ်ျပထားတဲ့အတြက္ သင္သိခ်င္တဲ့လႊတ္ေတာ္အမတ္ေတြကို ရွာေဖြနိုင္မွာ ျဖစ္ပါတယ္။ 

……….

 

ပြင့္လင္းျမင္သာမွုပိုမိုအားေကာင္းေစေရးအတြက္ တစ္ဖက္တစ္လမ္းကႀကိဳးပမ္းတဲ့ အစီအစဥ္တစ္ခု

 

ျမန္မာ့ပဥၥမ႑ိဳင္ နဲ႔  ပြင့္လင္းျမန္မာ့ေရွ႕ေဆာင္ အဖြဲ႕ တို႔ကေန စတင္မိတ္ဆက္ေပးလိုက္တဲ့ ပြင့္လင္းလႊတ္ေတာ္ဟာ ျမန္မာနိုင္ငံတဝန္းမွာရွိတဲ့ လူ႔အဖြဲ႕အစည္းအတြက္ တက္ႂကြလွုပ္ရွားသူေတြ၊ လူမွုအဖြဲ႕အစည္းေတြရဲ့ နိုးၾကားေနတဲ့ ပူးေပါင္းေဆာင္ရြက္မွုတစ္ခုအျဖစ္ ရပ္တည္ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ ပြင့္လင္းလႊတ္ေတာ္အတြက္ နည္းပညာပိုင္းကို  Sundew Myanmar နဲ႔ Sinar Project တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီး တည္ေဆာက္ထားပါတယ္။ 

ပြင့္လင္းလႊတ္ေတာ္ဟာ လက္ရွိမွာ လူမွုအဖြဲ႕အစည္းေတြနဲ႔ဖြဲ႕စည္းထားတဲ့ ဦးေဆာင္ေကာ္မတီ တစ္ခုနဲ႔အတူ ပူးေပါင္းေဆာင္ရြက္လ်က္ရွိပါတယ္။ ပြင့္လင္းလႊတ္ေတာ္ ဦးေဆာင္ေကာ္မတီထဲမွာပါဝင္ၿပီး ပူးေပါင္းေဆာင္ရြက္ လုပ္ကိုင္ရန္အတြက္ စိတ္ဝင္စားပါသလား? contact@openhluttaw.org ကို အီးေမးလ္ပို႔ၿပီး ဆက္သြယ္နိုင္ပါတယ္။

 

……….

 

အစပ်ိဳးေဆာင္ရြက္ဆဲလုပ္ငန္း

 

ယခုလႊင့္တင္ထားတဲ့ “ပြင့္လင္းလႊတ္ေတာ္”ဝက္ဘ္ဆိုက္နဲ႔ ထည့္သြင္းထားတဲ့အခ်က္အလက္ေတြ၊ ဝက္ဘက္ဆိုက္မွာပါဝင္တဲ့ အသုံးျပဳနိုင္မွုေတြဟာ တကယ္ေတာ့ အစပ်ိဳးအဆင့္ပဲရွိပါေသးတယ္။ ဆက္လက္ၿပီးေတာ့လည္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ့အခ်က္အလက္မ်ားကို ထည့္သြင္းၿပီး သူတို႔ကိုျပည္သူေတြ တိုက္ရိုက္ဆက္သြယ္နိုင္တဲ့အထိ တိုးခ်ဲ႕ေဆာင္ရြက္နိုင္ဖို႔အထိ ျပင္ဆင္ေနပါတယ္။

 

ေလာေလာဆယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ ကိုယ္ေရးအခ်က္အလက္ေတြကို ေဖာ္ျပသြားဖို႔ပဲ ျဖစ္ေပမယ့္ ပန္းတိုင္အေနနဲ႔ကေတာ့ ဒီကိုယ္စားလွယ္ေတြ လႊတ္ေတာ္ထဲနဲ႔လႊတ္ေတာ္ျပင္ပမွာ ေန႔စဥ္ႏွင့္အမၽွ သူတို႔လုပ္ေဆာင္ေနတဲ့ ေဆာင္ရြက္ခ်က္ေတြ၊ သတင္းေတြကိုပါ စဥ္ဆက္မျပတ္ေပါင္းထည့္ ေဖာ္ျပသြားဖို႔ပဲ ျဖစ္ပါတယ္။

 

ဒါေၾကာင့္ သင့္အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ ဘယ္အေၾကာင္းအရာထဲမွာ အမ်ားဆုံးပါဝင္ပတ္သက္ေနလဲ? အဲ့ဒီအေၾကာင္းအရာေပၚမွာ သူတို႔ရဲ့ အျမင္ေတြက ဘယ္လိုလဲ? စတာေတြအျပင္ အစိုးရကို တင္သြင္းထားတဲ့ ေမးခြန္းေတြ အဆိုေတြကို တစ္ေနရာတည္းမွာ တစ္စုတစ္စည္းတည္း အလြယ္တကူ ၾကည့္ရွုနိုင္တယ္လို႔ စိတ္ကူးၾကည့္လိုက္ပါ။ ပြင့္လင္းလႊတ္ေတာ္ဟာ ဒီအရာေတြ ( ဒီထက္မက အမ်ားႀကီး၊ အမ်ားႀကီး)ကို အမွန္တကယ္ျဖစ္လာဖို႔ ဦးတည္ေဆာင္ရြက္ေနပါတယ္။

 

သင္ေတြးေနသလိုပါပဲ ဒါဟာ အခ်ိန္နဲ႔ လုပ္အားေတြမ်ားစြာ ျမဳပ္ႏွံမွုေတြပါဝင္တဲ့ လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ လာမယ့္လေတြမွာ ဒီထက္ပိုမို ေကာင္းမြန္တဲ့သတင္းေတြကို သင္တို႔ထံ ေဆာင္ယူလာဖို႔အတြက္ ပြင့္လင္းလႊတ္ေတာ္က ႀကိဳးစားလုပ္ကိုင္ေနတာေၾကာင့္ ဆက္လက္နားစြင့္ထားၾကပါဦး။

 

အကယ္၍ ပြင့္လင္းလႊတ္ေတာ္ရဲ့ လုပ္ငန္းေတြကို ပိုၿပီး ျမန္ျမန္အေကာင္အထည္ေပၚေစခ်င္တယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ပါဝင္ပူးေပါင္းနိုင္တဲ့ နည္းလမ္းေတြလည္း အမ်ားႀကီးရွိပါတယ္။ သင့္မွာ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့အခ်က္အလက္ေတြကို ရွိပါသလား? သို႔မဟုတ္ ဒီအခ်က္အလက္ေတြကို စုစည္းျပဳစုတဲ့ ေဆာင္ရြက္ခ်က္ထဲမွာ ပါဝင္လိုပါသလား? contact@openhluttaw.org  ကိုအီးေမးလ္ပို႔ၿပီး ဆက္သြယ္နိုင္ပါတယ္။

 

သင္တို႔ထံမွ တုံ႔ျပန္အႀကံျပဳခ်က္ေတြကို လွိုက္လွိုက္လွဲလွဲ ႀကိဳဆိုေနပါတယ္။