စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ နိုင်ငံတကာဈေးကွက် ချဲ့ထွင်သင့်ကြောင်းအဆို လွှတ်တော်တွင် ဆွေးနွေးမည် | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

လယ်ယာစိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ကြမ်းများ ကို ပြည်တွင်း၌ပင် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်၍ နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်ရန် ဆောင်ရွက်သင့်ကြောင်း အဆို ကို ပြည်သူ့လွှတ်တော်တွင် ဆွေး နွေးမည်ဖြစ်သည်။ အုတ်တွင်းမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်း အဝေး၌ ယင်းအဆိုကို တင်သွင်း ပြီး လွှတ်တော်က လက်ခံဆွေး နွေးရန် သဘောတူခဲ့သည်။

Source: စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ နိုင်ငံတကာဈေးကွက် ချဲ့ထွင်သင့်ကြောင်းအဆို လွှတ်တော်တွင် ဆွေးနွေးမည် | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ