အစိုးရတောင်းခံသည့် အသုံးစရိတ်ထဲမှ ကျပ်ဘီလီယံ ၂၀၀ ကျော်ဖြတ်တောက်ရန် တင်ပြ | DVB

အစိုးရအဖွဲ့ တောင်းခံတဲ့ ၂၀၁၈-၁၉ အသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းကျော်ထဲကနေ ကျပ်ဘီလီယံ နှစ်ရာကျော်ဖြတ်တောက်ဖို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစိုးရအဖွဲ့တင်ပြတောင်းခံတဲ့ ဘတ်ဂျက်ကို စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ နဲ့ စိစစ်ပြီး သြဂုတ် ၂၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အခုလို ဖြတ်တောက်ဖို့ ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီက တင်ပြ ခဲ့တာပါ။

Source: အစိုးရတောင်းခံသည့် အသုံးစရိတ်ထဲမှ ကျပ်ဘီလီယံ ၂၀၀ ကျော်ဖြတ်တောက်ရန် တင်ပြ | DVB