တံတားကြီးများကို စံချိန်စံညွှန်းလျှော့ဆောက်ပါက ထောင်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

တံတားကြီးများ ကို စံချိန်စံညွှန်းလျော့နည်းတည် ဆောက်မှု၊ အရည်အသွေးစစ် ဆေးရာတွင် သိလျက်နှင့် တမင် ထိမ်ချန်ပါက ထောင်ဒဏ်ခုနစ် နှစ်နှင့် အထက်အရေးယူနိုင်သော တံတားကြီးဥပဒေကြမ်းကို သြ ဂုတ် ၂၁ ရက်တွင်အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ‘‘တံတားကြီးများ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဥပဒေအရ အကာအကွယ်ပြုနိုင်မည့် လုပ် ငန်းစဉ်များအတွက် အလွန်အ ရေးပါတဲ့ တံတားကြီးများ ဥပဒေ ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက်ရခြင်းဖြစ်ပါတယ်’’ ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦး ကျော်လင်းက အဆိုတင်သွင်းရာ တွင်ပြောသည်။

Source: တံတားကြီးများကို စံချိန်စံညွှန်းလျှော့ဆောက်ပါက ထောင်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ