ယာဉ်ထိန်းသိမ်းစရိတ် ကျပ်ဘီလီယံနှင့်ချီပြီး တောင်းခံနေ၍ ကွင်းဆင်းစစ်ဆေး

တန်ဖိုးကြီးမားသည့် နိုင်ငံတော်အဆင့် ဧည်ကြိုယာဉ်များအပါအဝင် ကားအစီး ၁၂၀၀ ကျော်၏ ထိန်းသိမ်းစရိတ်ကို ကျပ်ဘီလီယံနှင့် ချီ၍ တင်ပြ တောင်းခံလာသဖြင့် အမှန်တကယ် ကုန်ကျနိုင်ခြင်း ရှိ၊ မရှိကို လွှတ်တော် ပူးပေါင်းကော်မတီ တခုကမြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး စိစစ်ဖြတ်တောက်မှုများ ဆောင်ရွက်နေရကြောင်း သတင်းရရှိသည်။

ယင်းကားအစီးရေ ၁၂၀၀ ကျော်ကိုနေပြည်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး အမှတ် ၃၂ နောက်ရှိ ဂိုဒေါင်ကြီး ၉ လုံးဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ယင်းကားများ၏ ဆီဖိုး၊ ပြုပြင် ထိန်းသိမ်းစရိတ်၊ ဂိုဒေါင်များ၏ ထိန်းသိမ်းစရိတ်၊ ဂိုဒေါင်တွင် အရေးပေါ် မီးငြိမ်းသတ်ရမည့် ကုန်ကျစရိတ်နှင့် ဂိုဒေါင် မီးမလောင်စေရန် မီးတားစရိတ်များလည်း ပါဝင်ကြောင်း လွှတ်တော် ရငွေ၊ သုံးငွေများ ပူးပေါင်းစိစစ်မှု ကော်မတီ (၆) ထံမှသိရသည်။

 

Source: ယာဉ်ထိန်းသိမ်းစရိတ် ကျပ်ဘီလီယံနှင့်ချီပြီး တောင်းခံနေ၍ ကွင်းဆင်းစစ်ဆေး