ဆလုံလူမျိုးသာ သီးသန့်နေထိုင်ရေးကျွန်းများ သတ်မှတ်ပေးရန် လွှတ်တော်တွင်ဆွေးနွေးမှု ဥပဒေနှင့်မညီဟုဆိုကာ တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက် | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

အမျိုးသားလွှတ် တော်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်း သောအစီရင်ခံစာပါအကြောင်း အရာအချို့သည် ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့်ညီညွတ်ခြင်းမရှိဟုဆို ကာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်၊ ကတိကဝတ် ကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော် ဥက္ကဋ္ဌတို့အကြားအချေအတင် ငြင်းခုံမှု ဖြစ်ပွားခဲ့သည်။ ယမန်နေ့ကကျင်းပသည့်အ မျိုးသားလွှတ်တော်အစည်းအ ဝေးတွင် အစိုးရ၏အာမခံချက် များ၊ ကတိများနှင့်တာဝန်ခံချက် များ စိစစ်ရေးကော်မတီ အစီ ရင်ခံစာကို ဆွေးနွေးအတည်ပြုရာ တွင် ယင်းသို့အငြင်းပွားမှုဖြစ်ပွား ခဲ့သည်။

Source: ဆလုံလူမျိုးသာ သီးသန့်နေထိုင်ရေးကျွန်းများ သတ်မှတ်ပေးရန် လွှတ်တော်တွင်ဆွေးနွေးမှု ဥပဒေနှင့်မညီဟုဆိုကာ တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက် | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ