အပြစ်ရှိ ဝန်ထမ်းများကို တိုင်းရင်းသားဒေသများသို့ ပြောင်းရွှေ့ခန့်ထားမှု ဒေသခံများ မနှစ်မြို့ | မဇ္ဈိမ မာလ်တီမီဒီယာ

“တဘောင်လိုလို စကားပုံလို ထွက်နေတာက ‘သွားလေရော့ လဟယ်’ ပေါ့။ ‘မတောက်တခေါက် ကယားရောက်’ အဲဒါမျိုးတွေ ဖြစ်နေတယ်။ Source: အပြစ်ရှိ ဝန်ထမ်းများကို တိုင်းရင်းသားဒေသများသို့ ပြောင်းရွှေ့ခန့်ထားမှု ဒေသခံများ မနှစ်မြို့ | မဇ္ဈိမ မာလ်တီမီဒီယာ

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ချမှတ်ဆောင်ရွက်ရန် အဆို လွှတ်တော်အတည်ပြု | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲ ရေး စီမံချက်နှင့် မဟာဗျူဟာတစ် ရပ် ချမှတ်အကောင်အထည်ဖော် ရန် အစိုးရအား တိုက်တွန်းသည့် အဆိုကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အတည်ပြုသည်။ — Read on www.7daydaily.com/story/136241

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြား၍ အစိုးရပိုင် ကျောင်းအဆောက်အအုံ၌ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ကျောင်းဝင်းအတွင်း ပါတီအလံစိုက်ထူခြင်း၊ တံဆိပ်ကပ်ထားခြင်းတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ လွှတ်တော်၌ မေးမြန်း – Eleven Media Group

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြား၍ အစိုးရပိုင်ကျောင်းအဆောက်အအုံ၌ ပြည်သူလူထုနှင့်တွေ့ဆုံရာတွင် ကျောင်းဝင်းအတွင်း ပါတီအလံစိုက်ထူခြင်း၊ တံဆိပ်ကပ်ထားခြင်း တို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။ နေပြည်တော်၌ သြဂုတ် ၂၉… Source: တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြား၍ အစိုးရပိုင် ကျောင်းအဆောက်အအုံ၌ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ကျောင်းဝင်းအတွင်း ပါတီအလံစိုက်ထူခြင်း၊ တံဆိပ်ကပ်ထားခြင်းတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် လွှတ်တော်၌ မေးမြန်း – Eleven Media Group

နိုင်ငံခြားသားများသာ ကစားခွင့်ရှိမည့် ကာစီနိုရုံများတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုနိုင်မည့် လောင်းကစားဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်း – Eleven Media Group

နိုင်ငံခြားသားများသာ ကစားခွင့်ရှိမည့် ကာစီနိုရုံများတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုနိုင်မည့် လောင်းကစားဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်း — Read on news-eleven.com/news/76302

တိုင်းပြည်စီးပွာရေးက   သည်အချိန်မှာ     ဦးဆောင်သူတွေရဲ. အခန်းကဏ္ဍအရေးအကြီးဆုံးပါ ပြည်သူ့လွှတ်တော် ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေးကော်မတီ    ဥက္ကဋ္ဌ   ဒေါ်ခင်စန်းလှိုင်နှင့်     တွေ့ဆုံခြင်း | Kumudra

Source: တိုင်းပြည်စီးပွာရေးက   သည်အချိန်မှာ     ဦးဆောင်သူတွေရဲ. အခန်းကဏ္ဍအရေးအကြီးဆုံးပါ ပြည်သူ့လွှတ်တော် ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေးကော်မတီ    ဥက္ကဋ္ဌ   ဒေါ်ခင်စန်းလှိုင်နှင့်     တွေ့ဆုံခြင်း | Kumudra

လွှတ်တော်သို့ ပေးသည့် ကတိများ အကုန် မတည်ဟု ကိုယ်စားလှယ်များ ပြော

ပြည်သူ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ပြည်သူ့ ကိုယ်စားလှယ်များက လွှတ်တော်သို့ တင်ပြသည့်အခါ လုပ် ဆောင် ပေးမည်ဟု အစိုးရ ဝန်ကြီးဌာနများက ကတိပြုခဲ့သော်လည်း အားလုံးကို အမှန်တကယ် ဆောင်ရွက် ပေးနိုင် ခြင်း မရှိကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်က ဗန်းမော်-ရွှေကူဘက် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် ရထားလမ်း ဖောက်လုပ်သည့်အခါ လယ် မြေ ဆုံးရှုံးမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘဏ္ဍာနှစ်အလိုက် လျော်ကြေးများ ပေးအပ်မည်ဟု ကတိပြုခဲ့ သော် လည်း လက်တွေ့တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း က ပြောသည်။ Source: လွှတ်တော်သို့ ပေးသည့် ကတိများ အကုန် မတည်ဟု ကိုယ်စားလှယ်များ ပြော

ယာဉ်ထိန်းသိမ်းစရိတ် ကျပ်ဘီလီယံနှင့်ချီပြီး တောင်းခံနေ၍ ကွင်းဆင်းစစ်ဆေး

တန်ဖိုးကြီးမားသည့် နိုင်ငံတော်အဆင့် ဧည်ကြိုယာဉ်များအပါအဝင် ကားအစီး ၁၂၀၀ ကျော်၏ ထိန်းသိမ်းစရိတ်ကို ကျပ်ဘီလီယံနှင့် ချီ၍ တင်ပြ တောင်းခံလာသဖြင့် အမှန်တကယ် ကုန်ကျနိုင်ခြင်း ရှိ၊ မရှိကို လွှတ်တော် ပူးပေါင်းကော်မတီ တခုကမြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး စိစစ်ဖြတ်တောက်မှုများ ဆောင်ရွက်နေရကြောင်း သတင်းရရှိသည်။ ယင်းကားအစီးရေ ၁၂၀၀ ကျော်ကိုနေပြည်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး အမှတ် ၃၂ နောက်ရှိ ဂိုဒေါင်ကြီး ၉ လုံးဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ယင်းကားများ၏ ဆီဖိုး၊ ပြုပြင် ထိန်းသိမ်းစရိတ်၊ ဂိုဒေါင်များ၏ ထိန်းသိမ်းစရိတ်၊ ဂိုဒေါင်တွင် အရေးပေါ် မီးငြိမ်းသတ်ရမည့် ကုန်ကျစရိတ်နှင့် ဂိုဒေါင် မီးမလောင်စေရန် မီးတားစရိတ်များလည်း ပါဝင်ကြောင်း လွှတ်တော် ရငွေ၊ သုံးငွေများ ပူးပေါင်းစိစစ်မှု ကော်မတီ[…]

ကျပ်သိန်း ၅,၈၀၀ တင်ပြခဲ့သော လွှတ်တော်အဆောက်အအုံ ဆေးသုတ်စရိတ် လေးပုံတစ်ပုံသာ ကျသင့်ကြောင်း စစ်ဆေးတွေ့ရှိ | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

နေပြည်တော်ရှိလွှတ်တော်  အဆောက်အအုံများ၏ ကျွန်းတံ ခါးများ၊ ကျွန်းပေါင်များကို ထိန်း သိမ်းသည့်အနေဖြင့် နှစ်တာ ရှည်ခံပေါ်လစ်တင်ဆေးသုတ်ရာ တွင် အသုံးစရိတ်တင်ပြမှုများ နေခြင်းနှင့် ပတ်သက်ပြီး အမှန် တကယ်ကုန်ကျမှုရှိ၊ မရှိစစ်ဆေး ရန်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စစ် ဆေးစေခဲ့သည်။စုံစမ်းစစ်ဆေး တွေ့ရှိချက် ကို အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ထံတွင် တင်ပြ ထားပြီး၎င်းမှ ပြည်ထောင်စုလွှတ် တော်နာယထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း ဒေါ်ယဉ်မင်း လှိုင်က သြဂုတ် ၆ ရက်တွင် ကျင်းပသည့်   ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မီဒီယာ များ၏မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားသည်။ Source: ကျပ်သိန်း ၅,၈၀၀ တင်ပြခဲ့သော လွှတ်တော်အဆောက်အအုံ ဆေးသုတ်စရိတ် လေးပုံတစ်ပုံသာ ကျသင့်ကြောင်း စစ်ဆေးတွေ့ရှိ | 7Day Daily – ၇ ရက်[…]

ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း | မဇ္ဈိမ မာလ်တီမီဒီယာ

ယနေ့ ဇူလိုင်လ ၃၀ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်း ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ Source: ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း | မဇ္ဈိမ မာလ်တီမီဒီယာ