နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်တွင် မြန်မာလက်မှတ်ထိုးရန် အတည်ပြု | DVB

Source: နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်တွင် မြန်မာလက်မှတ်ထိုးရန် အတည်ပြု | DVB

ရန်ကုန်တိုင်း အစိုးရ Ford ကားများဝယ်မည့် ဘတ်ဂျက် ပြည်ထောင်စု လွှတ်တော် ဖြတ်ချ

Source: ရန်ကုန်တိုင်း အစိုးရ Ford ကားများဝယ်မည့် ဘတ်ဂျက် ပြည်ထောင်စု လွှတ်တော် ဖြတ်ချ

စက်သုံးဆီချွေတာရေး အင်ဂျင်ပါဝါ ၂,၀၀၀ စီစီအထက် ယာဉ်များ အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရန် လွှတ်တော်အတည်ပြု | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

ပြည်ပက တင် သွင်းသော အင်ဂျင်ပါဝါ ၂,၀၀၀ စီစီမှ ၄,၀၀၀ စီစီရှိ မော်တော် ယာဉ်များကိုအခွန် ၃၀ ရာခိုင်နှုန်းကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ ပြည်ပက တင်သွင်းလာ သည့် မော်တော်ယာဉ်များတွင် Double cab 4 door pickup မှအပ ၂,၀၀၁ စီစီမှ ၄,၀၀၀ စီစီ အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီ ဒင်နှင့် ဝက်စ်ဂွန်အမျိုးအစားမော် တော်ယာဉ်များ၊ ကူပေး (coupe) ယာဉ်များကို အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရန် — Read on www.7daydaily.com/story/137142

ခြေဥပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေး အာမခံနိုင်မည်ဟု အတိုင်ပင်ခံရုံးဝန်ကြီးပြော | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်း၍ ပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေး အာမခံနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ယမန်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။ Source: ခြေဥပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေး အာမခံနိုင်မည်ဟု အတိုင်ပင်ခံရုံးဝန်ကြီးပြော | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

အစိုးရအဖွဲ့ တောင်းခံငွေ ကျပ်ဘီလီယံနှစ်သောင်းခွဲခန့်အနက် ကျပ်ဘီလီယံနှစ်ရာကျော် လွှတ်တော်ဖြတ်တောက် | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရဌာန အဖွဲ့အစည်းအတွက် စုစုပေါင်း တောင်းခံငွေ ကျပ်ဘီ လီယံနှစ်သောင်းခွဲခန့်မှ ကျပ်ဘီ လီယံ နှစ်ရာ့သုံးဆယ်ခန့်ကိုစိစစ် ဖြတ်တောက်ကြောင်း ပြည် ထောင်စုလွှတ်တော်က ယမန်နေ့ တွင် အတည်ပြုသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများ၏ တောင်းခံငွေ များအနက် အများဆုံးစိစစ်ဖြတ် တောက်ခံရသည့် ဝန်ကြီးဌာနများ သည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ဖြစ်ပြီး အနည်းဆုံး စိစစ်ဖြတ်တောက်ခံရသည့် ဝန် ကြီးဌာနသည် သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဖြစ်သည်။ Source: အစိုးရအဖွဲ့ တောင်းခံငွေ ကျပ်ဘီလီယံနှစ်သောင်းခွဲခန့်အနက် ကျပ်ဘီလီယံနှစ်ရာကျော် လွှတ်တော်ဖြတ်တောက် | 7Day Daily – ၇ ရက် နေ့စဉ်[…]

နောက်ကြောင်းပြန်တောင်းခံငွေကျပ် ၁၄ ဘီလီယံကျော်ကို ပြည်ထောင်စုလွှတ်တော်ခွင့်ပြု | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

မြစ်သာရေလှောင် တမံတည်ဆောက်ရေး စီမံကိန်း အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် နောက်ကြောင်းပြန်တောင်း ခံလာသည့် ကျပ် ၁၄ ဘီလီယံ ကျော်ကို ပြည်ထောင်စုလွှတ် တော်က ယမန်နေ့တွင် သဘော တူခွင့်ပြုသည်။ အထက်ပါ စီမံကိန်းနှင့်ပတ် သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက တော်းခံသည့်ကျပ် ၁၄ ဒသမ ၃၇၁ ဘီလီယံကို ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိ၍ ခွင့်မပြုသင့်ကြောင်း ပုလဲ အမတ် ဒေါ်ခင်စန်းလှိုင်နှင့် ဂန့် ဂေါအမတ် ဒေါ်ယဉ်မင်းလှိုင်တို့ က ကန့်ကွက်ခဲ့သော်လည်း မဲခွဲ ဆုံးဖြတ်ရာ ၁၁ မဲ ကွာခြားချက် ဖြင့် တောင်းခံငွေကို ခွင့်ပြုသည်။ Source: နောက်ကြောင်းပြန်တောင်းခံငွေကျပ် ၁၄ ဘီလီယံကျော်ကို[…]

ကြော်ငြာဝင်ငွေလျော့နည်းလာ၍ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကျပ်သန်း ၁,၀၀၀ ကျော် အရှုံးပေါ်နိုင်ဟု ပြန်ကြားရေးဝန်ကြီးဆို | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

ပြန်ကြားရေးဝန် ကြီးဌာန၏ သတင်းနှင့် စာနယ် ဇင်းလုပ်ငန်းတွင် ကြော်ငြာဝင် ငွေ လျော့နည်းလာခြင်းကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁,၁၀၀ ကျော် အရှုံးပေါ်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောသည်။ Source: ကြော်ငြာဝင်ငွေလျော့နည်းလာ၍ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကျပ်သန်း ၁,၀၀၀ ကျော် အရှုံးပေါ်နိုင်ဟု ပြန်ကြားရေးဝန်ကြီးဆို | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

အစိုးရဌာနများ ဘတ်ဂျက်ကို အမွေခွဲသလိုအပြိုင်အဆိုင်မတောင်းသင့်ဟု လွှတ်တော်အမတ်ဆွေးနွေး | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

အစိုးရဌာနများ အနေဖြင့် ဘတ်ဂျက်ငွေတောင်းခံ ရာတွင် ယောက္ခမသေ၍ အမွေ ခွဲသလို အပြိုင်အဆိုင်မတောင်း ဘဲ လိုသလောက်သာ တောင်းကြ ရန် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၅) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။ စက်တင်ဘာ ၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ၂၀၁၈-၁၉ အမျိုးသားစီမံကိန်းဥပဒေ ကြမ်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တို့၏မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေ၊ သုံးငွေများနှင့်စပ်လျဉ်း၍ ဦးရဲထွဋ်က ဝင်ရောက်    ဆွေးနွေးခြင်းဖြစ် သည်။ Source: အစိုးရဌာနများ ဘတ်ဂျက်ကို အမွေခွဲသလိုအပြိုင်အဆိုင်မတောင်းသင့်ဟု လွှတ်တော်အမတ်ဆွေးနွေး | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

ကိုရီးယား-မြန်မာစီမံကိန်းအတွက် ကိုရီးယားမှချေးငွေရယူရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ | မဇ္ဈိမ မာလ်တီမီဒီယာ

တောင်ကိုရီးယားနိုင်ငံ Eximbank ထံမှ စီးပွားရေး ဖွံံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး EDCF ချေးငွေဖြင့် နှစ်နိုင်ငံအစိုးရ ပူးပေါင်းကာ လုပ်ဆောင်မည့် စီမံကိန်းဖြစ်ပြီး လူဦးရေ ၅ သောင်းမှ ၁ သိန်းအထိ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဟု သိရသည်။ Source: ကိုရီးယား-မြန်မာစီမံကိန်းအတွက် ကိုရီးယားမှချေးငွေရယူရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ | မဇ္ဈိမ မာလ်တီမီဒီယာ

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထား – Eleven Media Group

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းသော ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးတို့ အတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထားကြောင်း သိရသည်။ နေပြည်တော်၌ သြဂုတ် ၂၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့တွင် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ Source: ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထား – Eleven Media Group