လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို လာမည့်လွှတ်တော်တွင် ဆွေးနွေးမည် | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

မြန်မာနိုင်ငံလူမွဲခံယူ ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကိုအများပြည်သူသိရှိစေရန်နှင့် အကြံဉာဏ်ပေးနိုင်ရန် နိုင်ငံပိုင်သတင်းစာတွင် အောက်တိုဘာ ၁၂ ရက်ကစ၍ နေ့စဉ်အပိုင်းလိုက်ဖော်ပြနေပြီး အဆိုပါ ဥပဒေကြမ်းကို လာမည့်လွှတ်တော်၌ ဆွေးနွေးမည်ဟု အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌကပြောသည်။ Source: လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို လာမည့်လွှတ်တော်တွင် ဆွေးနွေးမည် | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

စက်သုံးဆီချွေတာရေး အင်ဂျင်ပါဝါ ၂,၀၀၀ စီစီအထက် ယာဉ်များ အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရန် လွှတ်တော်အတည်ပြု | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

ပြည်ပက တင် သွင်းသော အင်ဂျင်ပါဝါ ၂,၀၀၀ စီစီမှ ၄,၀၀၀ စီစီရှိ မော်တော် ယာဉ်များကိုအခွန် ၃၀ ရာခိုင်နှုန်းကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ ပြည်ပက တင်သွင်းလာ သည့် မော်တော်ယာဉ်များတွင် Double cab 4 door pickup မှအပ ၂,၀၀၁ စီစီမှ ၄,၀၀၀ စီစီ အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီ ဒင်နှင့် ဝက်စ်ဂွန်အမျိုးအစားမော် တော်ယာဉ်များ၊ ကူပေး (coupe) ယာဉ်များကို အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရန် — Read on www.7daydaily.com/story/137142

တံတားအရည်အသွေးထိမ်ချန်စစ်ဆေးပါက ထောင်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်ပြီး တန်ဖိုးနှစ်ဆပေးလျော်စေမည့်အချက်ပါဝင်သော ဥပဒေကို လွှတ်တော်အတည်ပြု | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

တံတားကြီးများ ကို အရည်အသွေး၊ စံချိန်စံညွှန်း လျော့နည်း တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် အရည်အသွေးစစ် ဆေးရာတွင် သိလျက်ဖြင့်တမင် ထိမ်ချန်ပါက ထောင်ဒဏ်ခုနစ်နှစ် နှင့်အထက်ချမှတ်မည့်အပြင် တံ တားကြီးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး၏နှစ်ဆကို ပေးလျော်စေရ မည့် တံတားကြီးများဥပဒေကြမ်း ကို ယမန်နေ့က ကျင်းပသည့်အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ တံတားကြီးများ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဥပဒေအရ အကာအကွယ်ပြုနိုင်မည့် လုပ် ငန်းစဉ်များဆောင်ရွက်ရန် ၂၀၁၈ ဩဂုတ် ၂၁ ရက်တွင်ဆောက်လုပ် ရေး ဒုဝန်ကြီးဦးကျော်လင်းက အ မျိုးသားလွှတ်တော်သို့ တင်သွင်း ခဲ့သည်။ Source: တံတားအရည်အသွေးထိမ်ချန်စစ်ဆေးပါက ထောင်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်ပြီး တန်ဖိုးနှစ်ဆပေးလျော်စေမည့်အချက်ပါဝင်သော ဥပဒေကို လွှတ်တော်အတည်ပြု | 7Day Daily – ၇ ရက်[…]

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထား – Eleven Media Group

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းသော ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးတို့ အတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထားကြောင်း သိရသည်။ နေပြည်တော်၌ သြဂုတ် ၂၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့တွင် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ Source: ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် စီးကရက်၊ ဆေးပေါ့လိပ်နှင့် အရက်အမျိုးမျိုးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံထား – Eleven Media Group

တံတားကြီးများကို စံချိန်စံညွှန်းလျှော့ဆောက်ပါက ထောင်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

တံတားကြီးများ ကို စံချိန်စံညွှန်းလျော့နည်းတည် ဆောက်မှု၊ အရည်အသွေးစစ် ဆေးရာတွင် သိလျက်နှင့် တမင် ထိမ်ချန်ပါက ထောင်ဒဏ်ခုနစ် နှစ်နှင့် အထက်အရေးယူနိုင်သော တံတားကြီးဥပဒေကြမ်းကို သြ ဂုတ် ၂၁ ရက်တွင်အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ‘‘တံတားကြီးများ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဥပဒေအရ အကာအကွယ်ပြုနိုင်မည့် လုပ် ငန်းစဉ်များအတွက် အလွန်အ ရေးပါတဲ့ တံတားကြီးများ ဥပဒေ ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက်ရခြင်းဖြစ်ပါတယ်’’ ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦး ကျော်လင်းက အဆိုတင်သွင်းရာ တွင်ပြောသည်။ Source: တံတားကြီးများကို စံချိန်စံညွှန်းလျှော့ဆောက်ပါက ထောင်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

နိုင်ငံခြားသားများသာ ကစားခွင့်ရှိမည့် ကာစီနိုရုံများတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုနိုင်မည့် လောင်းကစားဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်း – Eleven Media Group

နိုင်ငံခြားသားများသာ ကစားခွင့်ရှိမည့် ကာစီနိုရုံများတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုနိုင်မည့် လောင်းကစားဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်း — Read on news-eleven.com/news/76302

သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ချမှတ်မည့် ဥပဒေကြမ်းထုတ်ပြန်

မသန်စွမ်းသူနှင့် ၁၂ နှစ်အောက် ကလေးများအပေါ် မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ်နှစ် ၂၀(သို့) ထောင်တသက်ပြစ်ဒဏ် ချမှတ်နိုင်ရေး ရာဇသတ်ကြီးဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းအား ထုတ်ပြန်ထားပြီး မကြာမီလွှတ်တော်တင်မည်ဖြစ်ကြောင်း သိရသည်။ ယခုဥပဒေကြမ်းတွင် ပုဒ်မ ၁၆ အနေဖြင့် ထောင်တသက်ပြစ်ဒဏ်အား အကျဉ်းထောင်အတွင်း၌သာ အသက်သေဆုံးသည် အထိ ပြစ်ဒဏ်ခံရမည်ဟု တိကျစွာ ပြဌာန်းထားသည်ကို တွေ့ရသည်။ Source: သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ချမှတ်မည့် ဥပဒေကြမ်းထုတ်ပြန်

ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း | မဇ္ဈိမ မာလ်တီမီဒီယာ

ယနေ့ ဇူလိုင်လ ၃၀ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်း ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ Source: ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း | မဇ္ဈိမ မာလ်တီမီဒီယာ

အပြောင်းအလဲတွေပါတဲ့ စည်ပင်ဥပဒေသစ် အတည်ပြု

ဥပဒေဟောင်းထက် ပြည်သူက ရွေးချယ်ခွင့်ပိုရလာမယ့် စည်ပင်သာယာရေး ဥပဒေသစ်ကို လွှတ်တော်က ဇွန် ၂၇ရက်နေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။အခုအသစ် ပြင်ဆင် အတည်ပြုလိုက်တဲ့ စည်ပင်ဥပဒေမှာ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ၆ဦး ကို ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးကော်မတီမှာ ကော်မတီဝင်က ၁၁ဦးအထိရှိလာတော့မှာပါ။ Source: အပြောင်းအလဲတွေပါတဲ့စည်ပင်ဥပဒေသစ်အတည်ပြု – BBC News မြန်မာ

ဝန်ကြီး၊ ဒုဝန်ကြီးများ အဂတိလိုက်စားပါက ထောင် ၁၅ နှစ်ကျခံရမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို လွှတ်တော်နှစ်ရပ် အတည်ပြု | 7Day Daily – ၇ ရက် နေ့စဉ် သတင်းစာ

ဝန်ကြီး၊ ဒုဝန်ကြီး များ အဂတိလိုက်စားပါကထောင် ဒဏ် ၁၅ နှစ် ကျခံစေမည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို ဇွန်လ ၁၅ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြင်ဆင် ချက်မရှိ အတည်ပြုခဲ့သည်။ — Read on www.7daydaily.com/story/128822