Amyotha Hluttaw Health, Sports and Culture Committee

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း

၁။ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၁၀၆၊ ၁၀၇ နှင့်အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီကို အောက်ပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သည် –

(က) ဒေါက်တာဇော်လင်းထွဋ် မဲဆန္ဒနယ်အမှတ်(၉)၊ မွန်ပြည်နယ် ဥက္ကဋ္ဌ
(ခ) ဦးဝင်းဇော် မဲဆန္ဒနယ်အမှတ်(၇)၊ ကချင်ပြည်နယ်  
(ဂ) ဒေါ်လွီးဇာ မဲဆန္ဒနယ်အမှတ်(၆)၊ ကယားပြည်နယ်  
(ဃ) ဦးဝှေ့တင်း မဲဆန္ဒနယ်အမှတ်(၁၁)၊ ချင်းပြည်နယ်  
(င) ဦးလှဦး မဲဆန္ဒနယ်အမှတ်(၄)၊ စစ်ကိုင်းတိုင်းဒေသကြီး  
(စ) ဒေါက်တာလင်းဝေဖြိုးလတ် မဲဆန္ဒနယ်အမှတ်(၅)၊ တနင်္သာရီတိုင်းဒေသကြီး  
(ဆ) ဒေါက်တာကျော်ငွေ မဲဆန္ဒနယ်အမှတ်(၁၀)၊ မကွေးတိုင်းဒေသကြီး  
(ဇ) ဒေါက်တာကျော်သန်းထွန်း မဲဆန္ဒနယ်အမှတ်(၃)၊ မန္တလေးတိုင်းဒေသကြီး  
(ဈ) ဦးမြင့်နိုင် မဲဆန္ဒနယ်အမှတ်(၅)၊ ရခိုင်ပြည်နယ်  
(ည) ဦးစိုင်းဝမ်းလှိုင်းခမ်း မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်  
(ဋ) ဦးမိုင်းအုဏ်းခိုင် မဲဆန္ဒနယ်အမှတ်(၁၀)၊ ရှမ်းပြည်နယ်  
(ဌ) ဒေါက်တာပြည့်ဖြိုး မဲဆန္ဒနယ်အမှတ်(၇)၊ ဧရာဝတီတိုင်းဒေသကြီး  
(ဍ) ဗိုလ်မှူးဇော်ထွန်း တပ်မတော်သားကိုယ်စားလှယ်  
(ဎ) ဒေါက်တာစန်းမောင်မောင် မဲဆန္ဒနယ်အမှတ်(၁)၊ ပဲခူးတိုင်းဒေသကြီး အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီအမည်ပြင်ဆင်ခြင်းနှင့် ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုးတာဝန်ပေးအပ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။