Amyotha Hluttaw Government’s Guarantees, Pledges and Undertakings Vetting Committee

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်း

၁။ အမျိုးသားလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်‌တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄(ဃ)၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၄၄(ဃ)နှင်‌့ အမျိုးသားလွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို အောက်ပါအမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်-

(က)

ဦးသိမ်းဆွေ မဲဆန္ဒနယ်အမှတ်(၁၀)၊ ဧရာဝတီတိုင်းဒေသကြီး

ဥက္ကဋ္ဌ

(ခ)

ဦးမင်းဆွေနိုင် မဲဆန္ဒနယ်အမှတ်(၆)၊ ကချင်ပြည်နယ်  

(ဂ)

ဦးဖြေရယ် (ခ) ဦးမြင့်သန်းထွန်း မဲဆန္ဒနယ်အမှတ်(၁)၊ ကယားပြည်နယ်  

(ဃ)

ဦးစောချစ်ဦး မဲဆန္ဒနယ်အမှတ်(၃)၊ ကရင်ပြည်နယ်  

(င)

ဒေါ်ခင်ဆွေလွင် မဲဆန္ဒနယ်အမှတ်(၉)၊ ချင်းပြည်နယ်  

(စ)

ဦးဝင်းအောင် မဲဆန္ဒနယ်အမှတ်(၃)၊ စစ်ကိုင်းတိုင်းဒေသကြီး  

(ဆ)

ဦးအောင်ဝင်း မဲဆန္ဒနယ်အမှတ်(၁)၊ တနင်္သာရီတိုင်းဒေသကြီး  

(ဇ)

ဒေါက်တာမိုးမြင့်အောင် မဲဆန္ဒနယ်အမှတ်(၂)၊ ပဲခူးတိုင်းဒေသကြီး  

(ဈ)

ဦးပြူးလွင် မဲဆန္ဒနယ်အမှတ်(၁၂)၊ မကွေးတိုင်းဒေသကြီး  

(ည)

ဦးကျော်မြင့်ဦး မဲဆန္ဒနယ်အမှတ်(၁၀)၊ မန္တလေးတိုင်းဒေသကြီး  

(ဋ)

ဦးလှမြင့်သန်း (ခ) ဦးလှမြင့် မဲဆန္ဒနယ်အမှတ်(၁၁)၊ မွန်ပြည်နယ်  

(ဌ)

ဦးခင်မောင်လတ် မဲဆန္ဒနယ်အမှတ်(၃)၊ ရခိုင်ပြည်နယ်  

(ဍ)

ဗိုလ်မှူးချုပ်သက်ထွန်းအောင် တပ်မတော်သားကိုယ်စားလှယ်  

(ဎ)

ဦးဌေးဦး မဲဆန္ဒနယ်အမှတ်(၂)၊ ရန်ကုန်တိုင်းဒေသကြီး  

(ဏ)

ဦးကျော်နီနိုင် မဲဆန္ဒနယ်အမှတ်(၁၁)၊ ရှမ်းပြည်နယ်

အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

၃။ ကော်မတီ၏သက်တမ်းသည် အမျိုးသားလွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။